စစ်ကောင်စီက ရခိုင်ပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ် ဒုတိယအကြိမ် ကြေညာ

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြင့်တင်ဆောင်ရွက်ရန်ဟုဆိုကာ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် ဒုတိယအကြိမ် ဇူလိုင်လ (၁၄)ရက်နေ့ ထပ်မံကြေညာခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံး ပုံမှန်အနေအထားသို့ အပြည့်အဝပြန်လည်ရောက်ရှိလာစေရန် စစ်ကောင်စီ၏ ဦးဆောင်မူဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်ပါသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးမူနည်းဥပဒေ ပုဒ်မ (၂၆) အရ ၁၅ ရက်၊ ၇ လ၊ ၂၀၂၃ ခုနှစ်မှ ၁၄ ရက်၊ ၉ ရက်၊ ၂၀၂၃ ခုနှစ်ထိ သဘာဝဘေးအန္တရာယ်ကျသည့်ဒေသအဖြစ် ဒုတိယအကြိမ် ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ လေဘေးသင့် ချင်းပြည်သူများ ကျေးရွာတချို့တွင် စစ်ကောင်စီ၏ ထောက်ပံ့မူ ဆန် (၁၂)ဗူး၊ မာမီခေါက်ဆွဲ(၂)ထုတ်၊ ဆီ(၁၅)ကျပ်သားနှင့် သွားတိုက်ဆေး (၂)ဗူးသာ ရရှိပြီး၊ ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်များသည် ကိုယ်ထူကိုယ်ထဖြင့် ပြန်လည်ပြုပြင်တည်ဆောက်နေရသည်။

 မေလ ၁၄ ရက်နေ့ တိုက်ခတ်သော မိုခါမုန်တိုင်းကြောင်း ထိခိုက်ပျက်စီးသွားသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသဖြစ် ကြေညာကာ၊ မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောက်ရွက်ရန် စစ်ကောင်စီအရာရှိ ဗိုလ်ချုပ်များက အသီးသီးတာဝန်ယူခဲ့သည်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်