စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတောင်ပိုင်းတွင် အရပ်သား ၅ဦး ထိခိုက်သေဆုံး

စက်တင်ဘာ ၂၅၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ လက်ဝေခံ ပျူစောထီး တပ်က စက်တင်ဘာ ၁၉ရက်၌ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ကျောင်းသားလူငယ် တစ်ဦး သေဆုံးကာ အရပ်သားပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပါသည်။

ပျူစောထီးအဖွဲ့သည် ကြံသာရွာ ကျောက်ခွဲစက် မှ အနီးနားရှိကျေးရွာများကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရှားဘိုကျေးရွာနေ ကျောင်းသား၂ဦးနှင့် အမျိုးသမီးတစ်ဦး၊တင်သားရွာမှ အမျိုးသားတစ်ဦးနှင့် ရေရှင်ရွာမှ အမျိုးသားတစ်ဦး စုစုပေါင်း ၅ဦးလက်နက်ကြီးထိမှန်ကာ ရှားဘိုရွာနေ ကျောင်းသားတစ်ဦးမှာ ဆေးကုသနေစဥ် သေဆုံးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကြံသာ ကျောက်ခွဲစက်ကနေလှမ်းထုတာ။ တိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူး။ လက်နက်ကြီးထုတာတော့ ပုံမှန်ပါပဲ။ အရပ်သား ၅ယောက် ထိတာပေါ့နော်။ ကျောင်းသားတစ်ယောက်တော့ ဒဏ်ရာပြင်းထန်လို့ဆုံးသွားတယ်” ဟု ရှားဘိုရွာသားတစ်ဦးကပြောသည်။

Zalen ad

ကလေးမြို့ထဲတွင်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရသူ အရပ်သား ၅၀ကျော်ရှိပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်မှ သိရသည်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်