စစ်ကောင်စီဟာ ပစ်ပြေးဘဝကို ပြန်ရောက်နေပြီလို့ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ စစ်ဆင်ရေးတာဝန်ခံ ​ပြော

ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပစ်ပြေးဘဝကို ပြန်ရောက်နေပြီဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဒေသခွဲဟာ ထိုးစစ်ဆင်နေပြီလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်ဟာ အတွေ့အကြုံရှိ မြို့ပြပြောက်ကျားရဲဘော်များနဲ့ တောတွင်းကျေးလက် တိုက်ခိုက်ရေးအတွေ့အကြုံရှိရဲဘော်များနဲ့ စုဖွဲ့ထားတာကြောင့် လက်ရှိရန်ကုန်မြို့အနီးတဝိုက်မှာ ထိုးစစ်ဆင်ဖို့ စစ်ကောင်စီရဲ့ အိမ်တံခါးဝအထိ လှုပ်ရှားမှုတွေကို စေလွှတ်ထားပြီလို့ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

“အခုဆိုရင် သူတို့တွေ ပစ်ပြေးအဆင့်ကိုပြန်ရောက်လာပြီ။ ကျွန်တော်တို့ကိုပြောတော့ ပစ်ပြေးတဲ့။ သူတို့ကမှ အခုပစ်ပြေးဖြစ်ပြီ။ ဟိုမှာ ပစ်လိုက်ပြေးလိုက်၊ ဒီနား ပစ်လိုက်ပြေးလိုက်နဲ့ သူတို့မှာလည်း မလုံခြုံမှုကို ခံစားနေရတဲ့အနေအထားအထိကို ရောက်လာပြီ။ ဆိုတော့ သူတို့ရဲ့ထိုးစစ်ကနေ တန်ပြန်ထိုးစစ်အနေအထားအထိကို ကျွန်တော်တို့ ပြောင်းလဲလိုက်ပြီဆိုတဲ့ အနေအထားတစ်ခုကို ကျွန်တော်တို့ ရောက်လာကြပြီဗျာ” လို့ ပြောပါတယ်။

တိုက်ပွဲဖော်ဆောင်ရာမှာ အောင်မြင်မှုတွေရှိသလို နောက်ကွယ်က ရဲဘော်များရဲ့ အသက်ချွေးသွေးနဲ့ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ပြီး နစ်နာမှုတွေများစွာရှိနေတာကြောင့် တော်လှန်ရေးဟာဈေးကြီးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ ရဲဘော်များဟာ စိတ်ဓာတ်ကျ ကြောက်ရွံ့တုန်လှုပ်မှု စိုးစဥ်းမျှမရှိတဲ့အပြင် ကိုယ်လက်အဂ်ါဆုံးရှုံးသည့်တိုင်အောင် တော်လှန်အခန်းကဏ္ဍမှာ ကျရာတာဝန်ကို ထမ်းဆောင်နေဆဲပဲလို့ စစ်ဆင်ရေးတာဝန်ခံရဲဘော်ဒေဝက ​ပြောပါတယ်။

“များသောအားဖြင့်က လူငယ်တွေဖြစ်ကြတယ်။ အားလုံးကိုယ်စီကလည်း အိမ်ကို လွမ်းကြတယ်။ ကျွန်တော်တို့အိမ်တွေဆီ အမြန်ဆုံးပြန်ချင်ကြတယ်။ ကျွန်တော်တို့နေတဲ့နေရာတွေ ကျွန်တော်တို့ပြန်ချင်ကြတယ်။ အဲဒီစိတ်တစ်ခုတည်းနဲ့ပဲ ဒီတော်လှန်ရေးကာလမှာ တိုက်ပွဲဝင်နေကြတယ်။ အစွမ်းကုန် ကျွန်တော်တို့ တိုက်ပွဲဝင်နေကြတယ်” လို့ သူက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်