စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ခိုးယူသွားပြီး လူနေအိမ်တချို့ကို မီးရှိုဖျက်ဆီးခဲ့တယ်လို့အဲဒီသေတွင်းသတင်းအရင်းအမြစ်ကဆိုပါတယ်။

“စစ်တပ်က ခမ်းပါတ် (၃) အောင်ချမ်းသာ ဆိုင်ကယ် နဲ့ အပို ပစ္စည်းရောင်းဝယ်ရေး နဲ့ ပြုပြင်ရေးဆိုင် (၃) ထပ်တိုက်မှာ တပ်စွဲထားတယ်။ နောက်ပြီးစက်ဘီး အသစ်တွေ ရောင်းတဲ့ဆိုင်တွေက ပစ္စည်းတွေ စုထားပြီး Light truck ၁စီး အပြည့်နဲ့ ကလေးဘက်ကိုသယ်သွားကြတယ်။ လူနေအိမ်အတော်များများကို ဖောက်ထွင်းကြပြီး တန်ဖိုးကြီးပစ္စည်းတွေကိုလည်း( ၁၂) ဘီးကား၊ ကုန်တင်ကားတွေနဲ့ ကလေးဘက်ကိုသယ်သွားကြတာ” လို့ သတင်းအရင်းအမြစ် တဦးက Zalen ကိုပြောပါတယ်။

Zalen ad

စစ်အုပ်စုက ခမ်းပါတ်မြို့ တချို့ရပ်ကွက်ကို ဇွန်လ ၂၀ ရက်နေ့မှာဝင်ရောက်ခဲ့ပြီးနောက် လူနေအိမ်၊ ဆိုင်ခန်းများကို ဖောက်ထွန်းဝင်ရောက်ပြီး တန်ဖိုးကြီးပစ္စည်များနဲ့ ဆိုင်ခန်းရှိ ပစ္စည်းများကို Light truck (၁၂) ဘီးကားများနဲ့ ကလေးမြို့ဘက်ကို ခိုးယူသယ်သွားကြတယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေက ခမ်းပါတ်မြို့ရှိ ဒေသခံပြည်သူနေအိမ်အချို့ကလည်း မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသတွင်းသတင်း အရင်းအမြစ်များအရသိရပါတယ်။

သတင်း – BANABA

နောက်ဆုံးရသတင်းများ

အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံးသွားရင် ဖုန်းနဲ့ ဘောပင်အပါအဝင် ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်မပြု

ဇူလိုင် ၉၊ ၂၀၂၆Zalen လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်မြို့က အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ ဝန်ကြီးများရုံးတို့ဆီ လာရောက်ကြမယ့် ပြည်သူတွေကို ဖုန်းအပါအဝင် ကန့်သတ်ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်ပြုမှာ ...

ဆက်ဖတ်ရန်