စစ်အာဏာသိမ်းကာလ (၉၉၇)ရက်အတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သား (၄၁၅၇)ဦးထိ ရှိလာ

၂၆ အောက်တိုဘာ၊ ၂၀၂၃

Zalen

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း (၉၉၇)ရက်အတွင်း မြန်မာနိုင်ငံအနှံ့မှာ အရပ်သားပြည်သူ (၄၁၅၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုနဲ့ဆက်လျဥ်းပြီး ဖမ်းဆီးခံရသူဦးရေ စုစုပေါင်း (၂၅,၃၄၄)ဦးရှိလာပြီးပြလည်လွတ်မြောက်လာသူဦးရေ စုစုပေါင်း(၅,၇၂၁)ဦးဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

AAPP ရဲ့ စာရင်းပြုစုချက်အရ ၂၀၂၃၊ဇန်နဝါရီလမှ အောက်တိုမှ ၂၅ရက်နေ့အထိစစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့်နိုင်ငံတဝှမ်းအမျိုးသမီးဦးရေ ၂၉၃ဦး သေဆုံးခဲ့ရပြီး လက်နက်ကြီးကြောင့်သေဆုံးရသူ ၉၇ဦးအထိရှိတယ်လို့ဆိုပါတယ်။သေဆုံးခဲ့သူအမျိုးသမီးဦးရေ (၂၉၃)ဦးထဲက (၁၅၂)ဦးနဲ့စစ်ကိုင်းတိုင်းတိုင်းက အများဆုံးလို့သိရပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ သေဆုံးသူ အများဆုံး ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ဆက်လျဥ်းလို့ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၅,၃၄၄)ဦးထဲက(၁၉,၆၂၃)ဦးမှာထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဖမ်းဆီးခံရသူအနက် ထောင်ဒဏ်ချမှတ်ခံရသူဦးရေ စုစုပေါင်း (၇,၈၄၇)ဦးရှိတယ်လို့သိရပါတယ်။

ဒေမီယံ

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်