စစ်‌ေကာင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၂၉ ဦး လက်နက်နဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်င်ငံကို ထွက်ပြေး ပြန်

၁၂၊ မတ်လ၊၂၀၂၄

Zalen

ရခိုင်ပြည်နယ် အတွင်းရှိစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၂၉ ဦးဟာ ငတ်မွတ်မှုကြောင့် မတ်လ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်တွင်း သတင်းဖြစ်တဲ့ Dhakha Tribune က ဖော်ပြပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးတို့ဟာ သူတို့ရဲ့အဖွဲ့တွေနဲ့ကွဲသွားခဲ့ပြီး နယ်စပ်မှာရှိတဲ့ Nomanland မှာ ရက် အနည်းငယ်ပုန်းအောင်းခဲ့ကြတယ်။အဲဒီနေရာမှာ ရက်အနည်းငယ်နေထိုင်ပြီးနောက် စားနပ်ရိက္ခာ ကျပ်တည်း လာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာခဲ့ကြတယ်”လို့ ဖော်ပြထားပါတယ်။

Zalen ad

ဝင်ရောက်ခိုလှုံလာသူများရဲ့ လက်နက်ခဲယမ်းများကို တာဝန်ရှိသူများက သိမ်းဆည်းပြီးနောက် သူတို့ကို အကျဉ်းစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ကနေ ၇ ရက်နေ့အထိနှစ်နိုင်ငံနယ်စပ် နားက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါ တယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်