စာသင်ကျောင်းများတွင် ရှာရီယားဥပဒေကို နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီစွာ သင်ကြားပေးမည်ဟု တာလီဘန်ပြော

တာလီဘန်အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်တဲ့အာဖဂန်နစ္စတန်မှာတော့ ပညာရေးကဏ္ဍတွင် ကြီးမားစွာ ပြောင်းလဲမှုများရှိလာပြီး တာလီဘန်လက်အောက်က အုပ်ချုပ်ရေးဆိုင်ရာ ဒုဝန်ကြီးချုပ်ဖြစ်တဲ့ မာလွိုင်အပ်ဒူလ်ဆာလမ်ဟာနာဖီ၏ ပြောကြားချက်အရ ပညာရေးတွင် နိုင်ငံတကာစံနှုန်းနဲ့အညီ ကိုက်ညီစွာ သင်ကြားမှု ပြုလုပ်မည်ဟု ပြောခဲ့ပါတယ်။

ပညာရေးတွင် ကြီးမားစွာ ပြောင်းလဲမှုဟာ ပြီးခဲ့တဲ့ စနေနေ့တွင် အဆင့်မြင့်ပညာရေးအတွက် ယာယီဝန်ကြီးကို ခန့်အပ်ပြီးနောက် သူဟာ ပညာရေးတွင် ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အရင်က တာလီဘန်ခန့်အပ်ထားသော ပညာရေးဝန်ကြီးဖြစ်တဲ့ အပ်ဒူလ်ဘာကီးဟတ်ကာနီဟာ သူ့ရဲ့ တာဝန်ကို ကျယ်ပြွန်စွာ မထမ်းဆောင်နိုင်ခဲ့သောကြောင့် ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။

မြို့တော် ကာဘူလ်းတွင် ပြုလုပ်ခဲ့သော ပွဲတစ်ခုတွင် အသစ်ခန့်အပ်ထားသော ဝန်ကြီး နေဒါးမိုဟာမတ်နာဒီမ်းက ပုဂ္ဂလိကကျောင်းများအနေနဲ့ နိုင်ငံတကာစံနှုန်းကို အသုံးပြုရန် တိုက်တွန်းခဲ့ပါတယ်။

သို့သော်လည်း ကျောင်းများတွင် သင်ကြားမည့် သင်ခန်းစာများကို အစ္စလမ်ဘာသာ ရှာရီယားဥပဒေအပေါ် အခြေခံကာ ကျောင်းသုံးစာအုပ်များကို ထုတ်ဝေရမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ထို့ကြောင့် သူ့ရဲ့ မိန့်ခွန်းထဲတွင် ဆိုလိုရင်းက နိုင်ငံတကာ စံနှုန်းနဲ့အညီ ပညာရေးကို အဆင့်မြှင့်ရန် ပြောကြားခဲ့တာလား သို့မဟုတ် ဘာသာရေးကို အလေးထားသင်ကြားရန် ပြောကြားခဲ့တာလား ဆိုတာကတော့ မကွဲပြားခဲ့သောကြောင့် သူ့ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး မိန့်ခွန်းထုတ်နေကြပါတယ်။

သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ တာလီဘန်ဟာ တက္ကသိုလ်များတွင် ဘာသာရေးကို အဓိက သင်ကြားပေးရန် အတင်းအကြပ်ခိုင်းသောကြောင့် ဝေဖန်သူများစွာ ရှိခဲ့ပါတယ်။ တာလီဘန်၏ ခုလို လုပ်ဆောင်ချက်ကြောင့် တစ်ချို့သော ကျောင်းများတွင် ကျောင်းသားအသစ် ကျောင်းတက်ရန် လျှောက်ထားမှု ၈၀ ရာခိုင်နှုန်းအထိ လျှော့နည်းလာသော ကျောင်းများလည်းရှိလာပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်