စံချိန်တင် ကလေးမွေးဖွားမှုနှုန်းကျဆင်းလာပြီး လူဦးရေတိုးပွားမှုနှုန်းပြဿနာ ဆက်လက်ကြီးမားနေတဲ့ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်းဟာ ၂၀၂၂ တွင်လည်း ၇ နှစ်ဆက်တိုက် ကျဆင်းလာပြီး စံချိန်သစ်တင်လာခဲ့ကြောင်း ဂျပန်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောပါတယ်။

 ဒါဟာ ဂျပန်နိုင်ငံတွင် လူဦးရေလျှော့ကျလာခြင်းနှင့် အသက်ကြီးပိုင်းများ ပိုမိုများပြားလာခြင်း ပြဿနာကိုပိုမို ဆိုးရွားစေမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်းဟာ အမျိုးသမီးတစ်ဦးတွင် ကလေး ၁.၂၅၆၅ နှုန်းသာရှိပါတယ်။

၂၀၀၅ ခုနှစ်တွင် ၁.၂၆၀၁ နှုန်းရှိခဲ့သော်လည်း ပိုမိုကျဆင်းလာတာဖြစ်ပြီး တည်ငြိမ်သော လူဦးရေတိုးတက်မှုအတွက် လိုအပ်သော အမျိုးသမီးတစ်ဦးတွင် ကလေး ၂.၀၇ ဦးနှုန်း စံနှုန်းထက် အလွန်နည်းပါးနေတာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှီဒါကတော့ သူဦးဆောင်သော အစိုးရဟာ တိုင်းပြည်ရဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းခြင်းကို ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ဖြေရှင်းနေကြောင်း ပြောပါတယ်။ နိုင်ငံရဲ့ ကြွေးမြီအလွန်များနေသော်လည်း တစ်နှစ်ကို ကန်ဒေါ်လာ ၂၅ ဘီလီယံအထိ ကလေးစောင့်ရှောက်ရေး နှင့် အခြားသော မိဘများကို ပံ့ပိုးမှုအတွက် အသုံးပြုမည်ဟု ပြောပါတယ်။

 “ဂျပန်နိုင်ငံရဲ့ လူငယ်လူဦးရေဟာ လာမယ့် ၂၀၃၀ နောက်ပိုင်း ကြီးကြီးမားမား ကျဆင်းလာမှာဖြစ်ပါတယ်။ ထိုအချိန်မတိုင်ခင် ဒီဖြစ်စဉ်ကို ပြောင်းပြန်လှန်ဖို့ ကျွန်တော်တို့မှာ ဒါဟာ နောက်ဆုံး အခွင့်အရေးပဲ” ဟု ဂျပန်ဝန်ကြီးချုပ်က ဒီတစ်ပတ်အတွင်းမှာပဲ ပြောခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ဂျပန်နိုင်ငံရဲ့ လူဦးရေတိုးပွားမှုပြဿနာ ပိုမိုဆိုးရွားစေခဲ့ပြီး မကြာသေးခင်နှစ်အတွင်း လက်ထပ်ထိမ်းမြားမှုကလည်း အလွန်နည်းပါးလာခဲ့ပါတယ်။

 ထို့ကြောင့် ကလေးမွေးဖွားမှုနှုန်းဟာ နည်းပါးခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုကလည်း မြင့်တက်သွာခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင် ပြီးခဲ့တဲ့ နှစ်မှာ ကလေးမွေးဖွားနှုန်းဟာ ၅ ရာခိုင်နှုန်း ၇၇၀၇၄၇ သို့ ကျဆင်းသွားခဲ့ပြီး စံချိန်သစ် နည်းပါးခြင်းဖြစ်ပါတယ်။

သေဆုံးမှုကတော့ ၉ ရာခိုင်နှုန်း စံချိန်တင် ၁.၅၇ သန်းအထိ မြင့်တက်သွားခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင် ပြီးခဲ့တဲ့နှစ်မှာ သေဆုံးမှုပေါင်း ၄၇၀၀၀ ခန့်ဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်