ဆလိုင်းအောင်လျန်ရဲ့မေးခွန်း (၃)ခုကို ချင်းပြည်နယ်လွှတ်တော်က ခဏဆိုင်းငံ့

ဆလိုင်းအောင်လျန်ရဲ့မေးခွန်း (၃)ခုကို ချင်းပြည်နယ်လွှတ်တော်က ခဏဆိုင်းငံ့

မတူပီမြို့နယ် နယ်ဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်ရဲ့ မေးခွန်း (၃)ခုကို မပြည့်စုံလို့ဟုဆိုကာ ပြည်နယ်လွှတ်တော်က ခဏဆိုင်းငံ့ထားကြောင်း ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံမှသတင်းရရှိပါတယ်။

ဒုတိယသက်တမ်း (၁၉)ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်းအဝေးကို စက်တင်ဘာ (၂၅)ရက် တွင်စတင်ကျင်းပမှာဖြစ်ပါတယ်။

ချင်းပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဦးဇော်နိုင်ငြိမ်းက “ဘာကြောင့်ဆိုင်းငံ့ရတာလဲဆိုရင် မေးခွန်းတင်လာတဲ့စာက ကြယ်ပွင့်ပြမေးခွန်းလာ၊ ကြယ်ပွင့်မပြမေးခွန်းလာဆိုတာလည်းမပါဘူး။ ပြီးတော့ သူက ရွာ ၈၀ ကျော်ရဲ့အမည်ကို ဘယ်ကျေးရွာအုပ်စုကလဲဆိုတာမဖော်ပြပဲနဲ့ ဒီတိုင်းရေးချလိုက်တယ်။ ယေဘုယျဆန်လွန်းတယ်ပေါ့။ ဒါကြောင့်ပါ။ ပြီးတော့မေးခွန်းမေးတဲ့ချိန်က တစ်ယောက် ၆ မိနစ်ပဲအချိန်ရ တော့မေးတဲ့ချိန်မှပဲဒါတွေပြောရမှာ။ အခုသူလည်း နိုင်ငံခြားခရီးထွက်နေတော့ သူနဲ့အဆက်အသွယ်လုပ်ဖို့ခက်နေတယ်။ သူနဲ့ညို့နှိုင်းပြီး ဒီပတ်တွင်းပြန်ပြင်နိုင်ရင်တော့ ရပါတယ်။ ဘာလို့လဲဆိုရင် မေးခွန်းက ၁၀ ရက်ကြိုတင်ပို့ပေးမှမှီမှာလေ။ ဒါပေမယ့် သူလာမှလွှတ်တော်ဥက္ကဌနဲ့ဆွေးနွေးပြီး နောက်လွှတ်တော်ကျင်းပတဲ့ချိန်မှာ ပြန်မေးလို့ရပါတယ်။ အရင်တုန်းကသူ့မေးခွန်းတွေက အဆင်ပြေပါတယ်။ သူနိုင်ငံခြားခရီးထွက်လို့တစ်ယောက်ယောက်လှမ်းလုပ်ခိုင်းပုံရတယ်” လို့ပြောပါတယ်။

ဆလိုင်းအောင်လျန်ဟာ ဒိန်းမတ်နိုင်ငံမှာ ကျင်းပနေတဲ့ Ready to Lead, Political Youth Camp in Denmark အစီအစဉ်ဖြစ် စက်တင်ဘာ (၂)ရက်နေ့က ပြည်ပခရီးထွက်နေပါတယ်။

ဆလိုင်းအောင်လျန်က “မေးခွန်း ၃ ခုက ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်သောက်သုံးရေရရှိရေးတွေမေးထားတယ်။ ကျနော့် မဲဆန္ဒနယ်ထဲက တစ်ရွာမှမကျန်အောင် ကျောင်းအဆောက်အဦးမေးတယ်။ လမ်းပန်းဆက်သွယ်ရေးမှာတော့ ကားလမ်းမပေါက်သေးတဲ့ ကျနော့်မဲဆန္ဒနယ်အကုန်လုံးတောင်းတယ်။ လွှတ်တော်တခါတက်တာနဲ့ ကျနော့်ပြည်သူတွေလိုအပ်ချက်အကုန်တင်ပြပေးတယ်။ ပြည်သူတွေတောင်းသမျှ ဘယ်သူဘယ်ဝါဘယ်ရွာဆိုတာ မခွဲဘူး၊ အကုန်လုံးမေးခွန်းယူသွားတယ်။ ကျနော့်မဲဆန္ဒနယ်မှာ ကျေးလက်ဒေသအသုံးစရိတ်ဘတ်ဂျက်က နှစ်တိုင်းနည်းတယ်။ နောက်ပြီးတော့ လွှတ်တော်ဥက္ကဌက ခင်ဗျားတို့ကမှ မတင်ပြတာဆိုပြီး ရေားရာကော်မတီအစည်းအဝေးမှာ ကျနော့်ကိုပြောဖူးတယ်။ ကျနော်လည်း လွှတ်တော်ဥက္ကဌက လွှတ်တော်အစည်းအဝေးမှမခေါ်တာ ဘယ်ချိန်တင်ပြမလဲဆိုလို့ ပြန်လည်ချေပဖူးတယ်။ ဒါကြောင့် အခုလာမယ့် အစည်းအဝေးမှာ လိုလေသေးမရှိအောင် ပြည့်ပြည့်စုံစုံမေးခွန်းတွေတင်ပြစရာတွေ ဘယ်ရွာမှမကျန်အောင်တင်ပြမေးမြန်းတာဖြစ်တယ်” လို့ပြောပါတယ်။

ဆလိုင်းအောင်လျန်ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၃)ရက်နေ့မှာကျင်းပ ကြားဖြတ်ရွေးကောက်ပွဲမှာ CLD ပါတီကိုယ်စားလှယ်အနေနဲ့ဝင်ရောက်အရွေးခံရာ NLD ကိုယ်စားလှယ်လောင်းကိုအနိုင်ရရှိခဲ့ပါတယ်။ ၎င်းဟာ ချင်းပြည်နယ်တွင် ချင်းအမည်ခံပါတီမှ တစ်ဦးတည်းသောလွှတ်တော်အမတ်ဖြစ်သလို ချင်းပြည်နယ်လွှတ်တော်အမတ်များတွင် အသက်အငယ်ဆုံးဖြစ်ပါတယ်။

ဆက်လက်ပြီး ၎င်းက “မဲဆန္ဒနယ် အမှတ် (၁) နဲ့ အမှတ် (၂) ရတဲ့ဘတ်ဂျက်ယှဉ်ရင် ကျနော့်မဲဆန္ဒနယ် (အမှတ် ၁)ကဘတ်ဂျက်ပိုပါတယ်။ ကျနော့်မဲဆန္ဒနယ်မှာ မတူပီမြို့ပါတာကိုး။ ဥပမာ- ဌာနဆိုင်ရာမြို့နယ်ရုံးတွေကို ကျနော့်မဲဆန္ဒနယ်ထဲမှာထည့်တော့ အလိုလိုများများသွားတယ်။ ပြီးတော့ ပြည်ထောင်စုလမ်းမဖြစ်တဲ့ မတူပီ-မင်းတပ်လမ်းမ၊ မတူပီ-ပလက်ဝလမ်းမ၊ မတူပီ-ဟားခါးလမ်းမတွေက ကျနော့်မဲဆန္ဒနယ်တွေမှာထည့်ထားတော့ ကျေးလက်တွေကိုမရောက်နိုင်ဘူး။ ဒါကြောင့် အမှတ် (၁)၊ (၂)ရဲ့ ကျေးလက်အသုံးစရိတ်က အမှတ် ၂ က တစ်ဖက်နင်းများလွန်းတယ်လို့အမြဲထောက်ပြတယ်။ ဘာမှထူးမလာဘူး။ ရုံးစာအသွားအလာကြောင့် ဆိုင်းငံ့တယ်ဆိုတာ သူတို့အကြောင်းပြတာပါ” လို့ပြောပါတယ်။

မကြာခင်ကျင်းပမယ့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်း (၁၅)ခု နဲ့ အဆို တစ်ခုရောက်ရှိလာပြီးလို့ လွှတ်တော်ရုံးမှသတင်းရရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်