ဆီမီးဖိုင်နယ်တွင် ချင်းအသင်းနဲ့ မနှစ်က ပထမရခဲ့တဲ့ မကွေးအသင်းယှဉ်ပြိုင်ကစားမယ်

၂၀၁၉၊ အောက်တိုဘာ (၂၇)
ဒီမနက် ကစားတဲ့ ကွာတားဖိုင်နယ်တွင် ချင်းအသင်းက ဧရာဝတီအသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်တွင် ချင်းနဲ့ မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ချင်း ယူ-၁၂ အသင်းကို Chinland FC အသင်းက ဆုချီးမြှင့်နေစဉ်

ယူ-၁၂ တိုင်းနဲ့ပြည်နယ် ကွာတားဖိုင်နယ်ကို ဒီမနက်ယှဉ်ပြိုင်ကစားကြရာ ပထမချိန်တွင် တစ်ဂိုး၊ ဒုတိယချိန်တွင် ၂ ဂိုးသွင်းယူနိုင်ခဲံပါတယ်။ ချင်းအသင်းမှ ဂိုးသွင်းသူတွေကတော့ နံပါ(၁၀)က ၂ ဂိုး၊ နံပါတ် (၇)က တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ကို အောက်တိုဘာ (၂၉)ရက် ညနေ လေးနာရီတွင် ကစားမှာဖြစ်ပြီး ဗိုလ်ပွဲကို အောက်တိုဘာ (၃၁) ရက် ညနေ ၄ နာရီတွင်ကစားမှာဖြစ်ပါတယ်။

ချင်း ယူ-၁၂ အသင်းကို ဆုချီးမြှင့်နေစဉ်

လက်ရှိအချိန်ထိ ချင်းအသင်း ၄ ပွဲကစားရာ ၄ ပွဲစလုံးအနိုင်ရပြီး ဂိုး (၃၂)လုံး သွင်းယူနိုင်ခဲ့ပါပြီ။ လက်ရှိချိန်ထိ မကွေးအသင်းရဲ့ရလဒ်ကတော့ ၅ ပွဲကစားရာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ နဲ့ ဂိုး (၅)လုံးသွင်းယူနိုင်ခဲ့ပါပြီ။

(Zawgyi)



၂၀၁၉၊ အောက်တိုဘာ (၂၇)





နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်