ဇိုမီးအမျိုးသားနေ့ အမည်နဲ့ခွင့်ပြုမိန့်မပေးတာကြောင့် တွန်းဇံတွင် ဒီနှစ် ချင်းအမျိုးသားနေ့ကျင်းပမှာမဟုတ်

တွန်းဇံမြို့တွင် ဖေဖော်ဝါရီ (၂၀)ရက်ကို ဇိုမီးအမျိုးသားနေ့ အမည်ဖြစ် ခွင့်ပြုမိန့်မရတာကြောင့် ဒီနှစ် ချင်းအမျိုးသားနေ့ကျင်းပနိုင်မှာမဟုတ်ဘူးလို့သတင်းရရှိပါတယ်။

တွန်းဇံမြို့ ဇိုမီးလူငယ်လူမှုရေးအသင်း ဇန်နဝါရီလ (၃)ရက်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံ အ.ထ.က ဘောလုံးကွင်းတွင် ပွဲကျင်းပဖို့ခွင့်ပြုမိန့်တင်ထားပါတယ်။

တွန်းဇံမြို့နယ် စီမံခန့်ခွဲမှုကော်မတီ တွဲဘက်အတွင်းရေးမှူးဦးနေလင်းစိုးအမည်နဲ့ ဇန်နဝါရီလ (၂၁)ရက်တွင် “အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်ရှိပါက ကြိုတင်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ရန်ရှိသဖြင့် ဘောလုံးကွင်းအား အသုံးပြုခွင့်မပေးသင့်ကြောင်း” လို့ထုတ်ပြန်ခဲ့ပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး တွန်းဇံမြို့ ဇိုမီးလူငယ်လူမှုရေးအသင်း ဦးဆောင်သူ ပူးပူးထန်းက “ဇန်နဝါရီ (၁၅)ရက်က မြို့နယ်ထွေအုပ်ရုံးမှာ တွဲဘက်အတွင်းရေးမှူးက ကျနော်တို့ကိုခေါ်ပြီးရှင်းပြတယ်။ ဇိုမီးအမျိုးသားနေ့နဲ့ ခွင့်ပြုဖို့ အခက်အခဲရှိတယ်။ ဘုရားကျောင်းဝန်းတွေ၊ ကိုယ်ပိုင်ခြံဝန်းထဲမှာလုပ်ရင်တော့ ဘာမှမဖြစ်ဘူး။ အများပိုင်မြေမှာဆိုတော့ ကျင်းပခွင့်မပေးနိုင်ဘူးတဲ့။ ဖေဖော်ဝါရီ (၁၉)ရက်လာ (၂၀)လာ တွန်းဇံကို ဒေါ်စုလာမယ်လို့သတင်းကြားတယ်။ အရင် (၃)နှစ်လောက်က ဌာနဆိုင်ရာတွေဦးဆောင်ပြီးတော့ ဇိုမီးအမျိုးသားနေ့နာမည်နဲ့ ပွဲကျင်းပတယ်။ တခြားနှစ်တွေမှာတော့ ဘာမှပြဿနာမဖြစ်ဘူး။ အဲ့နှစ်ကျမှ ဇို နဲ့ မီး စလုံးကို ပေါင်းပြီးရေးချင်တဲ့သူနဲ့ ခွဲရေးချင်တဲ့သူထွက်လာတော့ တော်တော်ပြဿနာဖြစ်ခဲ့ဘူးတယ်။ သူတို့ကလည်း အဲ့ဒါကိုပဲ လက်ညိုးထိုးပြီးပြန်ပြောတယ်။ ဒီနှစ်တော့ ကျနော်လည်းခရီးထွက်စရာရှိတော့ မလုပ်ဖြစ်တော့ဘူး။ ဘုရားကျောင်းမှသွားလုပ်ရင်လည်း အဲ့ဒီစလုံးပေါင်းကိစ္စနဲ့ ဘုရားကျောင်းထဲမှာလည်း စိတ်ဝမ်းကွဲနိုင်တယ်။ အဲ့ဒါကတော့ ကျနော်တို့မြို့ရဲ့ထူးခြားချက်ပေါ့” လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူး ဆလိုင်းထောင်ကို ဖုန်းဆက်မေးမြန်းပေမယ့် “ကိစ္စအားလုံးသူတို့ဆီမှာရှင်းပြထားပြီ” လို့ပြောကာ ဖုန်းပြန်ချလိုက်ပါတယ်။

တီးတိန်မြို့မှာလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Nung Sian Tuang “ဒီနှစ်က ဘာသာရေးဘက်ကနေပဲ ကျင်းပမယ်။ ဘာဖြစ်လို့လဲဆိုရင် Cope Centenary Jubilee ပွဲမှာ ဘယ်နေရာ ဘယ်နိုင်ငံပဲရောက်ရောက် ဖေဖော်ဝါရီ (၂၀)ရက်ကို ဦးစီးကျင်းပမယ်လို့ ကျမ်းသစ္စာဆိုထားတယ်။ Cope နှစ် (၁၀၀)ပြည့်ခန်းမ ဘာသာရေးအဆောက်အုံးမှာကျင်းမှာဆိုတော့ ခွင့်ပြုမိန့်လည်းမတင်ထားဘူး။ အရင်နှစ်တွေမှာတော့ အရပ်ဖက်အဖွဲ့အစည်းနဲ့ အုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီးကျင်းပကြတယ်။ ခုတော့အုပ်ချုပ်ရေးဘက်ကနေ ဦးဆောင်ကျင်းပမယ်လို့ သတင်းမကြားသေးဘူး” လို့ပြောပါတယ်။

(Zawgyi)

ဇိုမီးအမ်ိဳးသားေန႔ အမည္နဲ႔ခြင့္ျပဳမိန႔္မေပးတာေၾကာင့္ တြန္းဇံတြင္ ဒီႏွစ္ ခ်င္းအမ်ိဳးသားေန႔က်င္းပမွာမဟုတ္

တြန္းဇံၿမိဳ႕တြင္ ေဖေဖာ္ဝါရီ (၂၀)ရက္ကို ဇိုမီးအမ်ိဳးသားေန႔ အမည္ျဖစ္ ခြင့္ျပဳမိန႔္မရတာေၾကာင့္ ဒီႏွစ္ ခ်င္းအမ်ိဳးသားေန႔က်င္းပႏိုင္မွာမဟုတ္ဘူးလို႔သတင္းရရွိပါတယ္။

တြန္းဇံၿမိဳ႕ ဇိုမီးလူငယ္လူမႈေရးအသင္း ဇန္နဝါရီလ (၃)ရက္တြင္ ၿမိဳ႕နယ္စီမံခန႔္ခြဲမႈေကာ္မတီထံ အ.ထ.က ေဘာလုံးကြင္းတြင္ ပြဲက်င္းပဖို႔ခြင့္ျပဳမိန႔္တင္ထားပါတယ္။

တြန္းဇံၿမိဳ႕နယ္ စီမံခန႔္ခြဲမႈေကာ္မတီ တြဲဘက္အတြင္းေရးမႉးဦးေနလင္းစိုးအမည္နဲ႔ ဇန္နဝါရီလ (၂၁)ရက္တြင္ “အေရးႀကီးပုဂၢိဳလ္ခရီးစဥ္ရွိပါက ႀကိဳတင္ျပင္ဆင္ႏိုင္ေရး ေဆာင္႐ြက္ရန္ရွိသျဖင့္ ေဘာလုံးကြင္းအား အသုံးျပဳခြင့္မေပးသင့္ေၾကာင္း” လို႔ထုတ္ျပန္ခဲ့ပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး တြန္းဇံၿမိဳ႕ ဇိုမီးလူငယ္လူမႈေရးအသင္း ဦးေဆာင္သူ ပူးပူးထန္းက “ဇန္နဝါရီ (၁၅)ရက္က ၿမိဳ႕နယ္ေထြအုပ္႐ုံးမွာ တြဲဘက္အတြင္းေရးမႉးက က်ေနာ္တို႔ကိုေခၚၿပီးရွင္းျပတယ္။ ဇိုမီးအမ်ိဳးသားေန႔နဲ႔ ခြင့္ျပဳဖို႔ အခက္အခဲရွိတယ္။ ဘုရားေက်ာင္းဝန္းေတြ၊ ကိုယ္ပိုင္ၿခံဝန္းထဲမွာလုပ္ရင္ေတာ့ ဘာမွမျဖစ္ဘူး။ အမ်ားပိုင္ေျမမွာဆိုေတာ့ က်င္းပခြင့္မေပးႏိုင္ဘူးတဲ့။ ေဖေဖာ္ဝါရီ (၁၉)ရက္လာ (၂၀)လာ တြန္းဇံကို ေဒၚစုလာမယ္လို႔သတင္းၾကားတယ္။ အရင္ (၃)ႏွစ္ေလာက္က ဌာနဆိုင္ရာေတြဦးေဆာင္ၿပီးေတာ့ ဇိုမီးအမ်ိဳးသားေန႔နာမည္နဲ႔ ပြဲက်င္းပတယ္။ တျခားႏွစ္ေတြမွာေတာ့ ဘာမွျပႆနာမျဖစ္ဘူး။ အဲ့ႏွစ္က်မွ ဇို နဲ႔ မီး စလုံးကို ေပါင္းၿပီးေရးခ်င္တဲ့သူနဲ႔ ခြဲေရးခ်င္တဲ့သူထြက္လာေတာ့ ေတာ္ေတာ္ျပႆနာျဖစ္ခဲ့ဘူးတယ္။ သူတို႔ကလည္း အဲ့ဒါကိုပဲ လက္ညိဳးထိုးၿပီးျပန္ေျပာတယ္။ ဒီႏွစ္ေတာ့ က်ေနာ္လည္းခရီးထြက္စရာရွိေတာ့ မလုပ္ျဖစ္ေတာ့ဘူး။ ဘုရားေက်ာင္းမွသြားလုပ္ရင္လည္း အဲ့ဒီစလုံးေပါင္းကိစၥနဲ႔ ဘုရားေက်ာင္းထဲမွာလည္း စိတ္ဝမ္းကြဲႏိုင္တယ္။ အဲ့ဒါကေတာ့ က်ေနာ္တို႔ၿမိဳ႕ရဲ႕ထူးျခားခ်က္ေပါ့” လို႔ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ တြန္းဇံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဆလိုင္းေထာင္ကို ဖုန္းဆက္ေမးျမန္းေပမယ့္ “ကိစၥအားလုံးသူတို႔ဆီမွာရွင္းျပထားၿပီ” လို႔ေျပာကာ ဖုန္းျပန္ခ်လိုက္ပါတယ္။

တီးတိန္ၿမိဳ႕မွာလူငယ္ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Nung Sian Tuang “ဒီႏွစ္က ဘာသာေရးဘက္ကေနပဲ က်င္းပမယ္။ ဘာျဖစ္လို႔လဲဆိုရင္ Cope Centenary Jubilee ပြဲမွာ ဘယ္ေနရာ ဘယ္ႏိုင္ငံပဲေရာက္ေရာက္ ေဖေဖာ္ဝါရီ (၂၀)ရက္ကို ဦးစီးက်င္းပမယ္လို႔ က်မ္းသစၥာဆိုထားတယ္။ Cope ႏွစ္ (၁၀၀)ျပည့္ခန္းမ ဘာသာေရးအေဆာက္အုံးမွာက်င္းမွာဆိုေတာ့ ခြင့္ျပဳမိန႔္လည္းမတင္ထားဘူး။ အရင္ႏွစ္ေတြမွာေတာ့ အရပ္ဖက္အဖြဲ႕အစည္းနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြပူးေပါင္းၿပီးက်င္းပၾကတယ္။ ခုေတာ့အုပ္ခ်ဳပ္ေရးဘက္ကေန ဦးေဆာင္က်င္းပမယ္လို႔ သတင္းမၾကားေသးဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်