ညောင်ဦးမြို့နယ်ရှိ တော်လှန်ရေးတပ် လက်နက်စခန်းကို စစ်ကောင်စီက သိမ်းပိုက်မီးရှို့ပြီး ၇ ဦးကိုပါ သတ်ဖြတ်သွား

ညောင်ဦးမြို့နယ်ရှိ ဒေသခံတော်လှန်ရေး ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force)တပ်ဖွဲ့၏ စစ်လက်နက် သိုလှောင်စခန်းမှာစစ်တပ်၏ သိမ်းပိုက်မှုခံရပြီး ကျပ်သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ သနပ်ပင်ကျေးရွာအနီးရှိ Bagan Ogre Forceတပ်ဖွဲ့၏ စစ်လက်နက် သိုလှောင်စခန်းကို ဇူလိုင် ၁၃ ရက်၊ နံနက် ၄ နာရီခန့်က စစ်တပ်အင်အား ၁၀၀ ခန့်နှင့်စီးနင်းခဲ့ခြင်းဖြစ်ပြီး ရဲဘော် ၁ ဦးနှင့် ပြည်သူ ၆ ဦးကိုပါ သတ်ဖြတ်သွားကြောင်း သိရသည်။

“အစောင့်ရဲဘော် တစ်ယောက်ထိမှန်ပြီးဖမ်းခံရတယ်။ ပြီးတော့ အနီးနားကျေးရွာပြည်သူ ၆ ယောက်ကိုပါဖမ်းပြီး အားလုံးကို သတ်လိုက်တယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု Bagan Ogre Force တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

စီးနင်းခံရမှုကြောင့် KIA ထုတ် ပါရီ ၇ လက်၊ ကျည်ဘောက် ၂၄ ခု၊ 7.62 ကျည် ၂၀၀၀ နီးပါး၊ 380 ပစ္စတို ၁လက်၊ 380 ကျည် နှင့် ၉မမ ကျည် ၇၀ ကျော်အပြင် လက်ပစ်ဗုံး ၁၀လုံးနှင့် အခြား ဆက်စပ် ပစ္စည်းများကို စစ်ကောင်စီက ရရှိသွားပြီး ကာလတန်ဖိုး သိန်း ၂၀၀၀ ခန့်ဆုံးရှိကြောင်း သိရသည်။

“ဝင်စီးခံရတဲ့နေရာက စခန်းမဟုတ်ပါဘူး။ ခေတ္တပစ္စည်းထားတဲ့နေရာပါ။ လမ်းကြောင်းအခြေအနေအရ ပစ္စည်းတွေကို တစ်နေရာပြီးတစ်နေရာရွေ့ထားရင်း အဲဒီအခင်းဖြစ်နေရာမှာ ခဏစုထားတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force)တပ်ဖွဲ့မှာ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသများ၌ စစ်ကောင်စီကို ချေမှုန်းကာ စစ်ရေးလူပ်ရှားနေသောတော်လှန်ရေးတပ်ပါ။ အထက်ပါဖြစ်စဥ်အပြီး၌ စစ်ကောင်စီက အနီးနားရှိ ကျေးရွာများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် နောက်ထပ် သေဆုံးထိခိုက်မှုများကို Bagan Ogre Force တပ်ဖွဲ့ က စီစစ်နေဆဲဟု သိရသည်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်