တက္ကသိုလ်တက်မယ့်သူတွေတွက် အမြင်ဖွင့်ဟောပြောပွဲ မနက်ဖြန်ကျင်းပမယ်

ကလေးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တွေနဲ့ ဆယ်တန်းတက်နေသူတွေအတွက် အမြင်ဖွင့်ဟောပြောပွဲကို မနက်ဖြန် ကလေးမြို့ တောင်ဖီလာနှစ်ခြင်းရာပြည့်ခန်းမမှာကျင်းပမယ်လို့သိရပါတယ်။

ဒီအစီအစဉ်ကို ဖလမ်းတက္ကသိုလ်ကျောင်းသားများအသင်း-(ကလေးမြို့)ဦးဆောင်ပြီး ညနေ(၁)နာရီခွဲကနေ (၄)နာရီခွဲထိ ဘယ်သူမဆို အခမဲ့လာရောက်နိုင်ပါတယ်။

“ဟောပြောပွဲမှာဘာတွေပို့ချမလဲဆိုရင် တက္ကသိုလ်တက်မယ့်သူတွေရှိအပ်တဲ့စိတ်ထား၊ အကျင့်တွေနဲ့ ကျောင်းတက်နေတုန်းဘာတွေသင်နိုင်လဲဆိုတာပြောပြမယ်။ ဒါကြောင့် မေဂျာလျှောက်ပြီးသားလူတွေလဲ လာကြပါ၊ ပြီးတော့ တက္ကသိုလ်တက်နေတဲ့သူတွေတွက်လည်း အကျိုးရှိမှာဖြစ်တဲ့တွက်လာကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်”လို ဖလမ်းတက္ကသိုလ်ကျောင်းသားများအသင်း(ကလေးမြို့)ဥက္ကဌ ဆလိုင်းဗန်ထောင်းထန်ကပြောပါတယ်။

အကြောင်းအရာအလိုက်ဟောပြောမယ့်ဆရာတွေကတော့ ကလေးတက္ကသိုလ် အင်္ဂလိပ်စာဌာနက ဆရာဆလိုင်းဗန်ရိုဆုမ်က ကလေးတက္ကသိုလ်ကျောင်းမှာလျှောက်လို့ရတဲ့ မေဂျာအကြောင်းတွေ၊ နည်းပညာတက္ကသိုလ်ကျောင်းက(မြို့ပြအင်ဂျင်နီယာ)ဆရာမ ဗန်နေမောက နည်းပညာတက္ကသိုလ်ကျောင်းက မေဂျာ(၄)ခုအကြောင်း၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းက ဆရာဒေါက်တာ ချောစုအောင်က ကွန်ပျူျတာတက္ကသိုလ်ကျောင်းက မေဂျာ(၂)ခုအကြောင်း၊ ကလေးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းက ဆရာမ ကမ်နွမ်ဟွလ်က သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအကြောင်း၊ Saya Jesse Penn-Lewis က မြန်မာပြည်အခြားဒေသတွေမှာသင်လို့ရမယ်ဘာသာရပ်တွေအကြောင်း၊ နဲ့ ရန်ကုန် Crown Education က မေနေဂျင်းဒါရိုက်တာ ဆရာအောင်ကျော်ဆန်းက နိုင်ငံခြားထွက်ပြီးပညာသင်ယူမယ့်နည်းလမ်း၊ ပညာသင်ထောက်ပံ့ကြေးအကြောင်းနဲ့ နိုင်ငံခြားမှာ ပညာသင်ယူပုံစံအကြောင်းတွေနဲ့ အမေးအဖြေကဏ္ဍဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်