တပ်ပြေးတွေနဲ့ပတ်သက်တယ်လို့စွပ်စွဲကာ အဖမ်းခံရသော အမျိုးသမီးတစ်ဦး နှိပ်စက်မှုကြောင့် ဆေးရုံတင်ရ
ချင်းပြည်နယ်၊ မတူပီမြို့ မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးစစ်သား ၂ ဦးဟာ ဧပြီ ၂၁ ရက်က လက်နက်နဲ့အတူထွက်ပြေးကြပြီး ၎င်းတို့နဲ့ဆက်သွယ်တယ်လို့စွပ်စွဲထားတဲ့ ဒေသခံပြည်သူ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးကြောင်းသတင်းရရှိပါတယ်။
သံသယနဲ့ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၅ ဦးဟာ စစ်ကြောရေးတွင် နှိပ်စက်မှုခံရပြီး ၎င်းတို့ထဲက အမျိုးသမီးတစ်ဦးဟာ ယမန်နေ့ ဧပြီ ၂၅ ရက်က ဆေးရုံတင်လိုက်ရကြောင်း သိရပါတယ်။
အဖမ်းခံရသူ တစ်ဦး ဆေးရုံတင်ထားရကြောင်းကိုသာ သိရပြီး ကျန် ၄ ဦး၏ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မသိရသေးပါ။
စစ်ကောင်စီတပ်တွေဟာ ထွက်ပြေးသွားသော စစ်သား ၂ ယောက်ထက် ၎င်းတို့နဲ့အတူ ယူဆောင်သွားသော လက်နက်ကိုသာ အလေးထား ပြန်ရလိုကြောင်း ဒေသခံများက ဆိုပါတယ်။ ခုလည်း ပါသွားသော သေနတ် ၂ လက် ကို ပြန်ပေးပါက ဖမ်းဆီးထားသောသူများကို ပြန်လွတ်ပေးမည်ဟု ဆိုကြောင်း ဒေသခံများက ပြောပါတယ်။
Zawgyi
ချင်းပြည်နယ်၊ မတူပီမြို့ မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးစစ်သား ၂ ဦးဟာ ဧပြီ ၂၁ ရက်က လက်နက်နဲ့အတူထွက်ပြေးကြပြီး ၄င်းတို့နဲ့ဆက်သွယ်တယ်လို့စွပ်စွဲထားတဲ့ ဒေသခံပြည်သူ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးကြောင်းသတင်းရရှိပါတယ်။
သံသယနဲ့ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၅ ဦးဟာ စစ်ကြောရေးတွင် နှိပ်စက်မှုခံရပြီး ၄င်းတို့ထဲက အမျိုးသမီးတစ်ဦးဟာ ယမန်နေ့ ဧပြီ ၂၅ ရက်က ဆေးရုံတင်လိုက်ရကြောင်း သိရပါတယ်။
နောက်ဆုံးရသတင်းများ
အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး
၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...
ဆက်ဖတ်ရန်