တမူးမြို့က CDM ထောက်ပံ့ရေးအဖွဲ့ဝင် ၁၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်တပ်အာဏာသိမ်းကာလ အစောပိုင်းက CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီရေးအတွက် ဖွဲ့စည်းခဲ့တဲ့ CDM Support team အဖွဲ့ဝင်တွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး လက်ရှိအထိ (၁၃) ဦး ဖမ်း ဆီးခံထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီအဖွဲ့ဝင်တွေဟာ လက်ရှိမှာ CDM ဝန်ထမ်းတွေကို ဆက်လက် ထောက်ပံ့နေတာ မရှိတော့ပေမယ့် စစ်ကောင်စီက ဒေသတွင်းရဲတပ်ဖွဲ့ကို အသိမပေးဘဲ စီမံချက်ချ ဆက်တိုက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တမူးရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လက်ရှိအချိန်အထိ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ ဖြစ်တယ်လို့လည်း တမူးမြို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။

“သူတို့အဖွဲ့ (CDMထောက်ပံ့ရေး) လုပ်တာ ဟိုအာဏာသိမ်းစကလုပ်ခဲ့တာ၊ မလုပ်တော့ဘူးဆိုပြီး အဖွဲ့ဝင်တွေနဲ့ စကဘက်ကဟာတွေနဲ့ ပိုက်ဆံကုန်ခံညှိပြီး မလုပ်တာကြာလှပြီ၊ ကိုယ့်ဟာကိုယ်နေနေကြတာ၊ အထက်က ဖမ်းခိုင်းတာလိုလို ဘာလိုလိုနဲ့ ပြန်ဆွဲသွားတာ” တမူးမြို့ခံတဦးကလည်း ပြောပါတယ်။

Zalen ad

၎င်း CDM ထောက်ပံ့ရေး အဖွဲ့ဝင်ထဲကတချို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၆ ရက်မှာ စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆက်တိုက်ဆက်လက်ဖမ်းဆီးတာကြောင့် လက်ရှိအထိ (၁၃) ဦး ဖမ်းဆီးခံရတာဖြစ်တယ်လို့ တမူးမြို့က ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောရေးလုပ်နေပြီး မိသားစုတွေနဲ့ ဆက်သွယ်ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်