တမူးမြို့တွင် ရာသီပေါ်သီးနှံရောင်းချနိုင်ဖို့ နယ်စပ်ပျံကျဈေး မြေနေရာရှင်းလင်း

တမူးမြို့အနီး မြန်မာ-အိန္ဒိယနယ်စပ်တွင် မြန်မာဘက်က ရာသီပေါ်သီးနှံတွေရောင်းချနိုင်အောင် ပျံကျဈေးအတွက် တမူးမြို့နယ်စည်ပင်က မြေနေရာရှင်းလင်းမှုတွေလုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။

မကြာမီအချိန်တွင် ကလေးကဘော်နဲ့ ချင်းတောင်ပေါ်မှာ ရာသီပေါ်သီးနှံတွေ ပေါ်တော့မှာဖြစ်တဲ့တွက် သီးနှံတွေမပျက်စီးခင် ရောင်းချနိုင်အောင်စီစဉ်တာဖြစ်ပါတယ်။

တမူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသိန်းဝင်းက “မြေရှင်းတယ် အောက်မှာ သဲကျောက်ခင်းတယ်ဒါပဲရှိသေးတယ်။ အကျယ်က ၃ ဧကဝန်းကျင်လောက်ရှိမယ်။ ဘယ်သူမဆိုလာရောင်းလို့ရတယ်။ ဒါက ပျံကျပဲ။ လာရောင်းတဲ့သူတွေကို ဈေးကောက်မယ်ပြန်သွားမယ်။ တခြားသူတွေလာရောင်းမယ်။ ဟိုလိုဆိုင်ခန်းတွေဆောက်ပြီးရောင်းမယ်ဆိုတာမဟုတ်ဘူး။ အဓိကအချက်က မြောက်ငိုသီးပဲဖြစ်ဖြစ်၊ ဖရဲသီးပဲဖြစ်ဖြစ် ဒီ့ပြင်တခြားသီးနှံတွေပဲဖြစ်ဖြစ် ဥပမာခုနောက်ပိုင်း ထောပတ်သီးတွေတော်တော်တွင်ကျယ်လာတယ်။ အမှန်မှာ ဈေးကွက်ကိုထိန်းမထားလို့ရှိရင် ဦးတဲ့သူက ဟိုဘက်ကမ်းကိုသွားသွားရောင်းပေးဆိုတော့ အနိမ့်ခံရတယ်။ ဒီမှာဒိုင်နဲ့အမာခံရောင်းရင်လာဝယ်မယ်။ ဒေသပေါက်ဈေးနဲ့ရောင်းပေးမှာပေါ့။ ခုကျတော့ ရောင်းချင်တဲ့စိတ်ဆန္ဒနဲ့ ဒီမှာ ၁၀ နဲ့ရောင်းတဲ့ဟာကို ဟိုဘက်ကမ်းမှာ ၉ကျပ်နဲ့ရောင်းချင်ရောင်းမှာပေါ့။ ဈေးကွက်လုပြီးရောင်းနေတဲ့ခါကျတော့ ကျတော်တို့က ကုန်သည်တွေဒုက္ခရောက်တာပေါ့။ ဟိုဘက်က အကြွေးနဲ့လည်းရောင်းရသေးတယ် ဈေးလည်းနိမ့်သေးတယ်ဗျာ။ နယ်စပ်ကျော်ပြီး သူတို့နယ်ထဲကိုရောင်းရတယ်ဗျာ။ ဒါကို ထိန်းသိမ်းတာ။ ကျနော်တို့နေရာမှာပဲလာဝယ်။ ကျော်သွားရင်လက်မခံဘူး။ အဲ့လိုထိန်းသိမ်းပေးရင် ကျနော်တို့ဘက်က ကုန်သည်တွေလည်း ခပ်မာမာရောင်းလို့ရတာပေါ့။ ခုတော့လုရောင်း လုဝယ် ဘယ်လောက်မှအမြတ်ရတာလည်းမဟုတ်ဘူး။ တိုင်းပြည်သိက္ခာပဲကျတယ်။ အဲ့ဒါလေးအတွက်စီစဉ်တာပါ။ ပျံကျဈေးဖွင့်ဖို့ကတော့ ကိုဗစ်ရောဂါနဲ့ပဲဆိုင်တယ်” လို့ပြောပါတယ်။

ဒီနှစ် မြောက်ငိုသီးပေါ်တဲ့ချိန်တွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားလာတာကြောင့် နယ်စပ်ဂိတ်တွေပိတ်ထားလို့ ကုန်သည်အများအပြားအရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။

(Zawgyi)

တမူးၿမိဳ႕တြင္ ရာသီေပၚသီးႏွံေရာင္းခ်ႏိုင္ဖို႔ နယ္စပ္ပ်ံက်ေဈး ေျမေနရာရွင္းလင္း

တမူးၿမိဳ႕အနီး ျမန္မာ-အိႏၵိယနယ္စပ္တြင္ ျမန္မာဘက္က ရာသီေပၚသီးႏွံေတြေရာင္းခ်ႏိုင္ေအာင္ ပ်ံက်ေဈးအတြက္ တမူးၿမိဳ႕နယ္စည္ပင္က ေျမေနရာရွင္းလင္းမႈေတြလုပ္ေဆာင္ေနတယ္လို႔သတင္းရရွိပါတယ္။

မၾကာမီအခ်ိန္တြင္ ကေလးကေဘာ္နဲ႔ ခ်င္းေတာင္ေပၚမွာ ရာသီေပၚသီးႏွံေတြ ေပၚေတာ့မွာျဖစ္တဲ့တြက္ သီးႏွံေတြမပ်က္စီးခင္ ေရာင္းခ်ႏိုင္ေအာင္စီစဥ္တာျဖစ္ပါတယ္။

တမူးၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးသိန္းဝင္းက “ေျမရွင္းတယ္ ေအာက္မွာ သဲေက်ာက္ခင္းတယ္ဒါပဲရွိေသးတယ္။ အက်ယ္က ၃ ဧကဝန္းက်င္ေလာက္ရွိမယ္။ ဘယ္သူမဆိုလာေရာင္းလို႔ရတယ္။ ဒါက ပ်ံက်ပဲ။ လာေရာင္းတဲ့သူေတြကို ေဈးေကာက္မယ္ျပန္သြားမယ္။ တျခားသူေတြလာေရာင္းမယ္။ ဟိုလိုဆိုင္ခန္းေတြေဆာက္ၿပီးေရာင္းမယ္ဆိုတာမဟုတ္ဘူး။ အဓိကအခ်က္က ေျမာက္ငိုသီးပဲျဖစ္ျဖစ္၊ ဖရဲသီးပဲျဖစ္ျဖစ္ ဒီ့ျပင္တျခားသီးႏွံေတြပဲျဖစ္ျဖစ္ ဥပမာခုေနာက္ပိုင္း ေထာပတ္သီးေတြေတာ္ေတာ္တြင္က်ယ္လာတယ္။ အမွန္မွာ ေဈးကြက္ကိုထိန္းမထားလို႔ရွိရင္ ဦးတဲ့သူက ဟိုဘက္ကမ္းကိုသြားသြားေရာင္းေပးဆိုေတာ့ အနိမ့္ခံရတယ္။ ဒီမွာဒိုင္နဲ႔အမာခံေရာင္းရင္လာဝယ္မယ္။ ေဒသေပါက္ေဈးနဲ႔ေရာင္းေပးမွာေပါ့။ ခုက်ေတာ့ ေရာင္းခ်င္တဲ့စိတ္ဆႏၵနဲ႔ ဒီမွာ ၁၀ နဲ႔ေရာင္းတဲ့ဟာကို ဟိုဘက္ကမ္းမွာ ၉က်ပ္နဲ႔ေရာင္းခ်င္ေရာင္းမွာေပါ့။ ေဈးကြက္လုၿပီးေရာင္းေနတဲ့ခါက်ေတာ့ က်ေတာ္တို႔က ကုန္သည္ေတြဒုကၡေရာက္တာေပါ့။ ဟိုဘက္က အေႂကြးနဲ႔လည္းေရာင္းရေသးတယ္ ေဈးလည္းနိမ့္ေသးတယ္ဗ်ာ။ နယ္စပ္ေက်ာ္ၿပီး သူတို႔နယ္ထဲကိုေရာင္းရတယ္ဗ်ာ။ ဒါကို ထိန္းသိမ္းတာ။ က်ေနာ္တို႔ေနရာမွာပဲလာဝယ္။ ေက်ာ္သြားရင္လက္မခံဘူး။ အဲ့လိုထိန္းသိမ္းေပးရင္ က်ေနာ္တို႔ဘက္က ကုန္သည္ေတြလည္း ခပ္မာမာေရာင္းလို႔ရတာေပါ့။ ခုေတာ့လုေရာင္း လုဝယ္ ဘယ္ေလာက္မွအျမတ္ရတာလည္းမဟုတ္ဘူး။ တိုင္းျပည္သိကၡာပဲက်တယ္။ အဲ့ဒါေလးအတြက္စီစဥ္တာပါ။ ပ်ံက်ေဈးဖြင့္ဖို႔ကေတာ့ ကိုဗစ္ေရာဂါနဲ႔ပဲဆိုင္တယ္” လို႔ေျပာပါတယ္။

ဒီႏွစ္ ေျမာက္ငိုသီးေပၚတဲ့ခ်ိန္တြင္ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားလာတာေၾကာင့္ နယ္စပ္ဂိတ္ေတြပိတ္ထားလို႔ ကုန္သည္အမ်ားအျပားအရႈံးေပၚခဲ့တယ္လို႔သိရပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်