တမူးမြို့မရဲစခန်း အချုပ်သား(၇)ဦးထွက်ပြေး၊ (၄)ဦးပြန်ဖမ်းမိ

တမူးမြို့မရဲစခန်းရှိ အမှတ်(၁)ကျားအချုပ်ခန်းဗူးတံခါးသစ်သားတိုင်ကို သံဖြတ်လွှဖြင့်ဖြတ်ပြီး အချုပ်သား(၇)ဦးထွက်ပြေးရာမှ (၄)ဦးပြန်လည်ဖမ်းဆီးရမိကြောင်း တမူးမြို့မရဲစခန်းထံမှသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ(၉)ရက် နံနက်(၃း၃၀)နာရီခန့်တွင် တမူးမြို့မရဲစခန်း အမှတ်(၁)ကျားအချုပ်ခန်းဗူးတံခါးသစ်သားတိုင်ကို သံဖြတ်လွှနဲ့ဖြတ်ပြီး ညွှန့်စိုး(၃၃)နှစ်၊ အောင်ဆန်းထွေး(၂၉)နှစ်၊ အောင်ဆန်း(ခ)ကျော်ကျောင်ဝင်း(၃၁)နှစ်၊ တီကောအဲငှာ(ခ)အားသဲ(၃၆)နှစ်၊ လားငီးနေယာ(၃၃)နှစ်၊ ကျော်မင်းထူး(ခ)မင်းထူး(၃၈နှစ်)နဲ့ လားလျင်ဘွိုင်း(၂၉နှစ်)တို့ထွက်ပြေးခဲ့ကြတယ်။ တရားခံ (၇)ဦးတို့ဟာ အချုပ်ခန်းအပြင်လျှောက်လမ်းဘက်သို့ထွက်ခွာလာကြပြီး ရဲတပ်ဖွဲ့ဝင်များအား ထိုးကြိတ်ရိုက်နှက်ကာ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ လုံးထွေးဖမ်းဆီးရာ တီကောအဲငှာ(ခ)အားသဲ(၃၆)နှစ်၊ လားငီးနေယာ(၃၃)နှစ်၊ ကျော်မင်းထူး(ခ)မင်းထူး(၃၈နှစ်)နဲ့ လားလျင်ဘွိုင်း(၂၉နှစ်)တို့ကို ပြန်လည်ဖမ်းမိခဲ့တယ်။ ထွက်ပြေးတဲ့တရားခံအားလုံးဟာ မူး၊စိတ်ပုဒ်မနဲ့ဖမ်းဆီးခြင်းခံရသူတွေဖြစ်ပြီး တမူးမြို့နယ်နဲ့ ကလေးမြို့နယ်သားတွေဖြစ်ကြတယ်။

Zalen ad

တရားခံများကလုံးထွေးသတ်ပုတ်ခဲ့ကြသဖြင့် ကင်းသားရဲတပ်သား ဖွန်ဘွဲ့ထန်တွင် ဦးခေါင်းဘယ်ဘက်သွေးထွက်ဒဏ်ရာ၊ ကင်းသား ရဲတပ်သား ကျော်လင်းအောင်တွင် ဦးခေါင်းဘယ်ဘက်သွေးထွက်ဒဏ်ရာ၊ ကင်းသားရဲတပ်သား ပေါင်ခိုထန်တွင် ညာဘက်လက်ဖူးရောင်ပွန်းပဲ့ဒဏ်ရာနှင့် ကင်းသား ရဲတပ်သား ကြောင်ရာတွင် ညာဘက်လက်ဆုံ လှုပ်မရ(မစိုးရိမ်ရ)ဒဏ်ရာ အသီးသီးရရှိကြတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံ(၃)ဦးအား ပြန်လည်ဖမ်းဆီးရမိဖို့ ရဲအင်အား (၄၀)ကျော်ဖြင့် ဖြန့်ခွဲပြီး လိုက်လံရှာဖွေလျက်ရှိပါတယ်။

 

 

နောက်ဆုံးရသတင်းများ

အမေရိကန်နဲ့ တည်ငြိမ်သည့် ဆက်ဆံရေး တည်ထောင်မယ်လို့ သမ္မတရှီကျင့်ဖျင် ပြော

မေ ၁၄၊ ၂၀၂၆ Zalen တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပလျက်ရှိနေတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ “အပြုသဘော မဟာဗျူဟာမြောက် တည်ငြိမ်တဲ့ ဆက်ဆံရေး” (Constructive Strategic Stable Relationship) ...

ဆက်ဖတ်ရန်