တမူး-ကလေးကားလမ်း အသုံးပြုလို့ရပြီ

တမူးကနေ ကလေးမြို့ဘက်သို့သွားတဲ့ စစ်ကောင်စီယာဉ်တန်းတွေဟာ မနေ့ နိုဝင်ဘာ ၂၈ ရက်ညနေ ၅ နာရီဝန်းကျင်တွင် ကလေးမြို့ ဒကစသို့ဝင်ရောက်သွားပြီမို့ အများပြည်သူများ တမူး-ကလေးကားလမ်းပြန်သုံးလို့ရပြီလို့သတင်းရရှိပါတယ်။

ယနေ့နိုဝင်ဘာ ၂၉ ရက်တွင်လည်း ကလေးကနေ တမူးမြို့ကို အရပ်သား မော်တော်ယာဉ် ၂၀၀ လောက်ဝင်ရောက်လာပြီလို့လည်းသိရတယ်။

စစ်ကောင်စီယာဉ်တန်းဟာ နိုဝင်ဘာ ၁၄ ရက်တွင် တမူးကနေ ကလေးဘက်သို့စတင်ထွက်ခွာပြီး နိုဝင်ဘာ ၂၂ ရက်တွင် ထန်းဇင်း နဲ့ ကမ္ဘာကြားရွာကြားမှာ PDF- Tamu က ပဒေသာမိုင်းနဲ့တိုက်ခိုက်ကြပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ အိန္ဒိယနိုင်ငံကနေ လက်နက်များသယ်ဆောင်လာတာလို့သိရတယ်။ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်မှစတင်၍ မွန်းလွဲ ၃ နာရီအချိန်ခန့်အထိ ၅၆မိုင်ကျေးရွာနှင့် မြလေးတောင်အကြားတွင် PDF(Kalay) မိုင်းတပ်ဖွဲမှ အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ၆ ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး Droneနှင့် အခြားလက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Zalen ad

နိုဝင်ဘာ ၂၆ ရက်နေ့တွင် မြလေးတောင် တောင်ခြေ၌ ညအိပ်ရပ်နားထားသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ကလေးမြိုဘက်သို ဦးတည်ထွက်ခွာလာရာ မနက် ၈နာရီ ၄၀ မိနစ် အချိန်ခန့်တွင် PDF (Kalay) တပ်ဖွဲဝင်များမှ အသင့်တပ်ဆင်ထားသော ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းမှ မော်တော်ယာဉ် ၂ စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်