တရုတ်နိုင်ငံတွင် အစိုးရဝန်ထမ်းများ iphone အသုံးမပြုရန် တားမြစ်

တရုတ်အစိုးရကတော့ ဗဟိုအစိုးရအတွက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို Apple ကုမ္ပဏီက ထုတ်လုပ်သော iphone များနှင့် အခြားနိုင်ငံခြားထုတ်ကုန်များကို ရုံးခန်းအတွင်းသို့ ယူဆောင် အသုံးပြုခြင်း မပြုလုပ်ရန် တားမြစ်လိုက်တယ်လို့ Wall Street Journal သတင်းစာတွင် ရေးသားဖော်ပြထားပါတယ်။

ဒီလအတွင်း မကြာခင်မှာပဲ Apple ကုမ္ပဏီက ထုတ်လုပ်သော အိုင်ဖုန်းအသစ်များ မိတ်ဆက်ရန် ရှိနေချိန်မှာပဲ အခုလို တရုတ်အစိုးရက ဝန်ထမ်းများကို အိုင်ဖုန်း အသုံးမပြုရန် တားမြစ်လိုက်ခြင်းဟာ တရုတ်နိုင်ငံအတွင်းက နိုင်ငံခြားကုမ္ပဏီများအပေါ် ရိုက်ခတ်မှု ရှိလာစေနိုင်ပြီး တရုတ်-အမေရိကန်တင်းမာမှုကိုလည်း ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ ပညာရှင်များကတော့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Apple ကုမ္ပဏီနှင့် တရုတ်အစိုးရသတင်းပြန်ကြားရေးရုံးကတော့ တစ်စုံတစ်ရာ တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။ ဒီသတင်း ထွက်လာအပြီးမှာပဲ Apple ရဲ့ ရှဲယာတန်ဖိုးဟာ ၁.၅ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်