တရုတ်နိုင်ငံတွင် အစိုးရဝန်ထမ်းများ iphone အသုံးမပြုရန် တားမြစ်

တရုတ်အစိုးရကတော့ ဗဟိုအစိုးရအတွက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို Apple ကုမ္ပဏီက ထုတ်လုပ်သော iphone များနှင့် အခြားနိုင်ငံခြားထုတ်ကုန်များကို ရုံးခန်းအတွင်းသို့ ယူဆောင် အသုံးပြုခြင်း မပြုလုပ်ရန် တားမြစ်လိုက်တယ်လို့ Wall Street Journal သတင်းစာတွင် ရေးသားဖော်ပြထားပါတယ်။

ဒီလအတွင်း မကြာခင်မှာပဲ Apple ကုမ္ပဏီက ထုတ်လုပ်သော အိုင်ဖုန်းအသစ်များ မိတ်ဆက်ရန် ရှိနေချိန်မှာပဲ အခုလို တရုတ်အစိုးရက ဝန်ထမ်းများကို အိုင်ဖုန်း အသုံးမပြုရန် တားမြစ်လိုက်ခြင်းဟာ တရုတ်နိုင်ငံအတွင်းက နိုင်ငံခြားကုမ္ပဏီများအပေါ် ရိုက်ခတ်မှု ရှိလာစေနိုင်ပြီး တရုတ်-အမေရိကန်တင်းမာမှုကိုလည်း ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ ပညာရှင်များကတော့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Apple ကုမ္ပဏီနှင့် တရုတ်အစိုးရသတင်းပြန်ကြားရေးရုံးကတော့ တစ်စုံတစ်ရာ တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။ ဒီသတင်း ထွက်လာအပြီးမှာပဲ Apple ရဲ့ ရှဲယာတန်ဖိုးဟာ ၁.၅ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်