တရုတ်နဲ့ရုရှားရေတပ်များ စစ်ရေးပူးတွဲလေ့ကျင့်မည်

“ရေတပ်ပူပေါင်းဆောင်ရွက်ခြင်း ၂၀၂၂” စစ်ရေးပူးတွဲလေ့ကျင့်ရေးတွက် ရုရှားရဲ့ ပစိဖိတ်ရှိရေတပ်ဟာ ဗလာဒီဗို့စတုပ်ဆိပ်ကမ်းနေ ထွက်ခွာခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တရုတ်နဲ့အတူတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်နေ့မှာပဲ ပြောကြားခဲ့ပါတယ်။

ဒီစစ်ရေးပူးတွဲလေ့ကျင့်မှုဟာ နှစ်နိုင်ငံ၏ ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန်၊ အာရှပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

တရုတ်ရေတပ်က စစ်သင်္ဘောအနည်းဆုံး ၉ စင်းဟာလည်း အနောက်ပိုင်း ပစိဖိတ်ကို ဝင်ရောက်သွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုထဲတွင် လေယာဉ်တင်သင်္ဘောဖြစ်တဲ့ Liaoning နှင့် Type 055 ဒုံးကျည်ဖြတ်ပစ်ရေးစနစ် Lhasa လည်းပါဝင်ကြောင်း ဂျပန်က ပြောပါတယ်။ သို့သော်လည်း ဒီစစ်သင်္ဘော ၉ စင်းဟာ ရုရှားနဲ့ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မလားဆိုတာကတော့ မသိရသေးပါဘူး။ သို့သော်လည်း ဒီတစ်ခါ စစ်သင်္ဘောစေလွှတ်ခြင်းဟာ ယခင်နှစ်တုန်းကထက် ပိုပြီး များပြားနေပါတယ်။

တရုတ်၏ စစ်ရေးအရ ခြိမ်းခြောက်မှုများနဲ့အတူ ဂျပန်ဟာလည်း မြေပြင်က စစ်တပ်ကို ပြန်လည်တည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်