တရုတ်ပြည်မှနာမကျန်းဖြစ်၍ပြန်လာတဲ့သူကို သံသယလူနာအဖြစ်ကလေးမြို့ ပြည်သူ့ဆေးရုံသို့သတင်းပို့ထား

တရုတ်နိုင်ငံ ဆန်တုန်မြို့ကနေ နာမကျန်းဖြစ်လို့ပြန်လာတဲ့ ကလေးမြို့နယ် စော်ဘွားရေရှင်ကျေးရွာသား တစ်ဦးကို ကျေးလက်ကျန်းမာရေးဆရာမက သံသယရှိနိုင်တယ်လို့သုံးသပ်တာကြောင့် ကလေးပြည်သူ့ဆေးရုံသို့ အကြောင်းကြားထားကြောင်း သတင်းရရှိပါတယ်။

၎င်းလူနာဟာ စော်ဘွားရေရှင်ကျေးရွာ အမှတ် (၆)ရပ်ကွက်နေ အဘဦးလားရောန်နာ အမိ ဒေါ်ထောင်းမန်းနီးတို့ရဲ့သား ဦးလားရှာမ်မောယာ(အသက် ၃၀) ဖြစ်ပြီး မတ်လ (၇)ရက် နံနက်တွင် တရုတ်ပြည်မှ အိမ်သို့ရောက်ရှိလာပါတယ်။ လူနာဟာ အဖျားရှိပြီး ချောင်းဆိုးနေတာကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ အပြင်လူနာအဖြစ် သွားရောက်ပြသကြပါတယ်။

ယနေ့ ညနေ (၄)နာရီခန့်တွင် ၎င်းမိဘနေအိမ်သို့ ကျေးရွာတာဝန်ခံ နဲ့ ကျေးလက်ကျန်းမာရေးဆရာမတို့က သွားရောက်ကြည့်ရှုကြပါတယ်။

စော်ဘွားရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမှုန်သွောင်က “သူက ဗိုင်းရစ်မဖြစ်ခင် အရင် သုံးလက ဖျားနေပြီ။ အရင်က တီဘီရောဂါဖြစ်ဖူးတယ်တဲ့။ ဒီနေ့ည ကလေးပြည်သူ့ဆေးရုံကို အကြောင်းကြားထားပေမယ့် လာမခေါ်ကြသေးဘူး။ ဆေးရုံက သူ့ကို သီးခြားလေးထားပါလို့ပြောတယ်။ ဒီမနက် ဆေးရုံသွားပြတာ ၃ ရက်စာဆေးသောက်ဖို့ပေးထားတယ်။ စနေနေ့ဆိုတော့ ဓာတ်မှန်ရိုက်လို့မရတော့ မရိုက်လာကြဘူး” လို့ပြောပါတယ်။

(Zawgyi)

တ႐ုတ္ျပည္မွနာမက်န္းျဖစ္၍ျပန္လာတဲ့သူကို သံသယလူနာအျဖစ္ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔သတင္းပို႔ထား

တ႐ုတ္ႏိုင္ငံ ဆန္တုန္ၿမိဳ႕ကေန နာမက်န္းျဖစ္လို႔ျပန္လာတဲ့ ကေလးၿမိဳ႕နယ္ ေစာ္ဘြားေရရွင္ေက်း႐ြာသား တစ္ဦးကို ေက်းလက္က်န္းမာေရးဆရာမက သံသယရွိႏိုင္တယ္လို႔သုံးသပ္တာေၾကာင့္ ကေလးျပည္သူ႔ေဆး႐ုံသို႔ အေၾကာင္းၾကားထားေၾကာင္း သတင္းရရွိပါတယ္။

၎လူနာဟာ ေစာ္ဘြားေရရွင္ေက်း႐ြာ အမွတ္ (၆)ရပ္ကြက္ေန အဘဦးလားေရာန္နာ အမိ ေဒၚေထာင္းမန္းနီးတို႔ရဲ႕သား ဦးလားရွာမ္ေမာယာ(အသက္ ၃၀) ျဖစ္ၿပီး မတ္လ (၇)ရက္ နံနက္တြင္ တ႐ုတ္ျပည္မွ အိမ္သို႔ေရာက္ရွိလာပါတယ္။ လူနာဟာ အဖ်ားရွိၿပီး ေခ်ာင္းဆိုးေနတာေၾကာင့္ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ အျပင္လူနာအျဖစ္ သြားေရာက္ျပသၾကပါတယ္။

ယေန႔ ညေန (၄)နာရီခန႔္တြင္ ၎မိဘေနအိမ္သို႔ ေက်း႐ြာတာဝန္ခံ နဲ႔ ေက်းလက္က်န္းမာေရးဆရာမတို႔က သြားေရာက္ၾကည့္ရႈၾကပါတယ္။

ေစာ္ဘြားေရရွင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးမႈန္ေသြာင္က “သူက ဗိုင္းရစ္မျဖစ္ခင္ အရင္ သုံးလက ဖ်ားေနၿပီ။ အရင္က တီဘီေရာဂါျဖစ္ဖူးတယ္တဲ့။ ဒီေန႔ည ကေလးျပည္သူ႔ေဆး႐ုံကို အေၾကာင္းၾကားထားေပမယ့္ လာမေခၚၾကေသးဘူး။ ေဆး႐ုံက သူ႔ကို သီးျခားေလးထားပါလို႔ေျပာတယ္။ ဒီမနက္ ေဆး႐ုံသြားျပတာ ၃ ရက္စာေဆးေသာက္ဖို႔ေပးထားတယ္။ စေနေန႔ဆိုေတာ့ ဓာတ္မွန္႐ိုက္လို႔မရေတာ့ မ႐ိုက္လာၾကဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်