တာဟန်းဈေးပတ်လည်တွင် ယာဉ်မမောင်းရ

ကလေးမြို့ တာဟန်းဈေးအဝင် ပေ တစ်ရာပတ်လည်တွင် ယာဉ် မောင်းနှင်ခြင်းကို မတ်လ (၁၆)ရက် စတင်တားမြစ်ပေမယ့် (၁၇)ရက်နေ့နံနက်ပိုင်း ဈေးပတ်လည်တွင် ဆိုင်ကယ်စီးနှင်သူများရှိနေသေးကြောင်းသတင်းရရှိပါတယ်။

တာဟန်းဈေးပတ်လည်တွင် နံနက် (၆)နာရီမှ (၁၁)နာရီထိ မော်တော်ယာဉ်မျိုးစုံ၊ သုံးဘီးယာဉ်၊ ဆိုက်တွဲယာဉ်များ ဝင်ရောက်ခွင့်ပိတ်ထားပြီး ဆိုင်ကယ်များကိုမူ ဆင်းတွန်းခွင့်သာပြုပါတယ်။


တာဟန်းဈေး ယာဉ်မမောင်းရ နေရာများ

တာဝန်ကျတာဟန်းရပ်ကွက်လူကြီးတစ်ဦးက “ဒီလိုတားမြစ်တာက တစ်သက်စာတွက်ဖြစ်မယ်။ နှစ်လလောက် အခုလို duty ချထားမယ်။ နောက်ပိုင်းတော့ လမ်းဘေးမှာ တားမြစ်တဲ့အကြောင်းဆိုင်းဘုတ်ထောင်ပြီးတော့ ဈေးထဲဆက်မောင်းတဲ့သူတွေရှိရင် ယာဉ်မောင်းသော့ကိုယူပြီးတော့ ရပ်ကွက်ရုံးမှာ ဒဏ်ကြေးရိုက်တော့မယ်။ အရင်ကဈေးထဲမှာ မဆင်မခြင် ယာဉ်တွေမောင်းနှင်လို့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိပါတယ်။ ဒီစီမံကိန်းအောင်မြင်ဖို့ ဈေးထဲကလူတွေလည်း ဆိုင်ကယ်မောင်းတဲ့သူတွေ့ရင် ဝိုင်းဝန်းတားမြစ်ခြင်းနဲ့ ပူးပေါင်းစေချင်တယ်” လို့ပြောပါတယ်။

ဒါပေမယ့် မော်တော်ဆိုင်ကယ်များဟာ ဗီနိုင်းထောင်ထားတဲ့နေရာကနေသာ ဆင်းတွန်းပေမယ့် ဈေးထဲတွင် စီးနှင်ကြတာတွေ့နိုင်ပါတယ်။

တားမြစ်ချက် ဗီနိုင်းကို တာဟန်းဈေးအဝင်လမ်း (၆)နေရာတွင် ထောင်ထားပြီး ရပ်ကွက်လူကြီးတွေနဲ့ အရံမီးသတ်တပ်ဖွဲ့တွေက စောင့်ကြည့်ကြပါတယ်။

(Zawgyi)

တာဟန္းေစ်းပတ္လည္တြင္ ယာဥ္မေမာင္းရ

ကေလးၿမိဳ႕ တာဟန္းေစ်းအဝင္ ေပ တစ္ရာပတ္လည္တြင္ ယာဥ္ ေမာင္းႏွင္ျခင္းကို မတ္လ (၁၆)ရက္ စတင္တားျမစ္ေပမယ့္ (၁၇)ရက္ေန႔နံနက္ပိုင္း ေစ်းပတ္လည္တြင္ ဆိုင္ကယ္စီးႏွင္သူမ်ားရွိေနေသးေၾကာင္းသတင္းရရွိပါတယ္။

တာဟန္းေစ်းပတ္လည္တြင္ နံနက္ (၆)နာရီမွ (၁၁)နာရီထိ ေမာ္ေတာ္ယာဥ္မ်ဳိးစံု၊ သံုးဘီးယာဥ္၊ ဆိုက္တြဲယာဥ္မ်ား ဝင္ေရာက္ခြင့္ပိတ္ထားၿပီး ဆိုင္ကယ္မ်ားကိုမူ ဆင္းတြန္းခြင့္သာျပဳပါတယ္။

တာဝန္က်တာဟန္းရပ္ကြက္လူၾကီးတစ္ဦးက “ဒီလိုတားျမစ္တာက တစ္သက္စာတြက္ျဖစ္မယ္။ ႏွစ္လေလာက္ အခုလို duty ခ်ထားမယ္။ ေနာက္ပိုင္းေတာ့ လမ္းေဘးမွာ တားျမစ္တဲ့အေၾကာင္းဆုိင္းဘုတ္ေထာင္ၿပီးေတာ့ ေစ်းထဲဆက္ေမာင္းတဲ့သူေတြရိွရင္ ယာဥ္ေမာင္းေသာ့ကိုယူၿပီးေတာ့ ရပ္ကြက္ရံုးမွာ ဒဏ္ေၾကးရိုက္ေတာ့မယ္။ အရင္ကေစ်းထဲမွာ မဆင္မျခင္ ယာဥ္ေတြေမာင္းႏွင္လို႔ ထိခိုက္ဒဏ္ရာရရွိတဲ့သူေတြလည္းရွိပါတယ္။ ဒီစီမံကိန္းေအာင္ျမင္ဖို႔ ေစ်းထဲကလူေတြလည္း ဆုိင္ကယ္ေမာင္းတဲ့သူေတြ႔ရင္ ဝိုင္းဝန္းတားျမစ္ျခင္းနဲ႔ ပူးေပါင္းေစခ်င္တယ္” လို႔ေျပာပါတယ္။

ဒါေပမယ့္ ေမာ္ေတာ္ဆုိင္ကယ္မ်ားဟာ ဗီႏိုင္းေထာင္ထားတဲ့ေနရာကေနသာ ဆင္းတြန္းေပမယ့္ ေစ်းထဲတြင္ စီးႏွင္ၾကတာေတြ႔ႏိုင္ပါတယ္။

တားျမစ္ခ်က္ ဗီႏိုင္းကို တာဟန္းေစ်းအဝင္လမ္း (၆)ေနရာတြင္ ေထာင္ထားၿပီး ရပ္ကြက္လူၾကီးေတြနဲ႔ အရံမီးသတ္တပ္ဖြဲ႔ေတြက ေစာင့္ၾကည့္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်