တိုက်ပွဲကြောင့် ပျက်စီးသွားသော စစ်ကောင်စီဘုရားကျောင်းကို ပြန်ပြင်ပေးရန် စစ်တပ်က မတူပီ သင်းအုပ်ဆရာများကိုခေါ်ပြော

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မတူပီမြို့ ဗျူဟာကုန်းကနေ မနီးမဝေးတွင်ရှိသော CDF-Matupi ရှေ့တန်စခန်းဖြစ်တဲ့ ငလိုင်ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီးနောက်၊ CDF-Matupi ကနေ တန်ပြန်စစ်ဆင်ရေး များဖော်ဆောင်ခဲ့ပါတယ်။

ထိုကဲ့သို့ CDF-Matupi ၏ စစ်ဆင်ရေးကြောင့် ဖနိုင်ရွာတွင် ရှိသော စစ်ကောင်စီ ခရစ်ယာန်တပ်သားများရဲ့ ဘုရားကျောင်းတစ်ကျောင်းဟာ တိုက်ပွဲအတွင်းပျက်စီးမှူ တစ်ချို့ရှိခဲ့ပါတယ်။ ထို့ကြောင့် မတူပီမြို့ရှိ သင်းအုပ်ဆရာများကို စစ်ကောင်စီတပ်ကခေါ်ပြီး ယင်း ဘုရားကျောင်းကို ပြင်ပေးရန် ပြောခဲ့ကြောင်း သိရပါတယ်။

ပျက်စီးသွားသော ဘုရားကျောင်းကို ပြန်ပြင်ပေးမည်ဟု သင်းအုပ်ဆရာများကလည်းပြောကြောင်း သိရပါတယ်။ စစ်ကောင်စီဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ကောင်စီ စစ်သား ၂ ယောက် သေဆုံးတယ်လို့ ဒေသခံများက ပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းက စစ်ကောင်စီ နှင့် CDF-Matupi အကြားက တိုက်ပွဲကြောင့် CDF-Matupi ရဲဘော်တစ်ဦးနှင့် ပြည်သူ နှစ်ဦး ကျဆုံးခဲ့ပါတယ်။ ရဲဘော်တစ်ဦးနှင့် ပြည်သူ တစ်ဦးကို စစ်ကောင်စီက လူနေအိမ်နဲ့အတူ မီးရှို့ခဲ့ပြီး နောက်ပြည်သူ တစ်ဦးကိုတော့ လက်နောက်ပြန်ကြိုးတုတ်ကာ စစ်တပ်က လည်လှီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ် အလောင်း ၄ လောင်းကိုလည်း တွေ့ရသောကြောင့် ထိုအလောင်းများဟာ သေဆုံးသွားသော စစ်ကောင်စီ အလောင်းများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောပါတယ်။

မတူပီမြို့နယ်ကို စစ်တပ်က ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပိုက်ဆံပေးသုံးရသော Wifi ကိုလည်း စကစ က လာဖြုတ်သိမ်းသွားသောကြောင့် လက်ရှိအချိန်တွင် မတူပီမြို့ဟာ ဖြတ်လေးဖြတ် ဖြတ်တောက်ခံထားရသော မြို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်