တီးတိန်မြို့နယ်တွင် လူနှစ်ယောက်တောင်ကျချောင်းရေထဲမျောပါ တစ်ယောက်ပျောက်ဆုံး

 

 

တီးတိန်မြို့နယ်တွင် လူနှစ်ယောက်တောင်ကျချောင်းရေထဲမျောပါ တစ်ယောက်ပျောက်ဆုံး

တီးတိန်မြို့နယ် ကနေဒီတောင်ခြေမှာရှိတဲ့ ဖွန်နွမ်(Phunnom)ရွာနား ငတပ် ချောင်းဖြတ်ကူးစဉ် ရုတ်တရက်တောင်ကျချောင်းရေကြီးလာသဖြင့် လူငယ်နှစ်ယောက်ရေထဲမျောပါပြီး တစ်ယောက်မှာခုထိရှာမတွေ့သေးကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၀ရက်ကနေဒီတောင်အောက်က ဖွန်နွမ်ရွာသား ၁၁ ယောက်ဟာ ကျေးရွာသုံးရေအားလျှပ်စစ်ရုံဟာမြေစာဖုံးသဖြင့် ယင်းမြေစာတွေဖယ်ရှားရန်သွားကြပါတယ်။ အပြန်လမ်းမှာ ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ ငတပ်ချောင်းကိုဖြတ်ကူးစဉ် ညနေ ၄ နာရီခန့်တွင် ရုတ်တရက် စွံ့ဖွတ်ရည်တို့အရှိန်နဲ့စီးကျလာတောင်ကြောင့် မောင် ဟောင်ရှန်သုမ် (၁၅ နှစ်)နဲ့ မောင် နန်စွမ်ခမ်း (၁၄ နှစ်)တို့ဟာ ချောင်းထဲမျောပါသွားပါတယ်။ ရေထဲမျှောပါတဲ့သူနှစ်ယောက်ကိုရွာသားတွေကလိုက်လံရှာဖွေရာ မောင်ဟောင်ရှန်သုမ်ကို ချောင်းဘေးချုံပုတ်ကြားစွံ့ရည်ထဲကနေ လက်ယှက်ခေါ်နေတာတွေ့ပြီးသွားရောက်ကယ်ဆယ်ကြပါတယ်။ မနေ့ည ၉နာရီထိ မောင်နန်စွမ်ခမ်းကို လိုက်လံရှာဖွေကြပေမယ့် မတွေ့တာကြောင့်ရွာသို့ပြန်ကြပြီး ဒီမနက် သြဂုတ် ၁၁ ရက်မနက် ၆ နာရီတွင် ဖွန်နွမ်ရွာနဲ့အနီးက ဇုံးကျေးရွာသား စုစုပေါင်း လူ ၂၀၀ လောက်ကဆက်လက်ရှာဖွေကပေမယ့် ညနေ ၁း၃၀ထိ မတွေ့ကြသေးဘူးလို့သတင်းရရှိပါတယ်။

ဖွန်နွမ်ရွာအုပ်ချုပ်ရေးမှူး ဦးထန်စွမ်မန်က “မနေ့က တစ်နာရီကြာလောက် မိုးသည်းသည်းမဲမဲရွာတယ်။ ချောင်းရေကလည်းသိပ်တော့မများပါဘူး။ ဒါပေမယ့် အပေါ်မှာ လမ်းတာချဲ့လို့မြေစာတွေစွန့်ပစ်ထားတာရှိတော့ အဲ့ဒီမြေစာတွေချိုးကျလာတယ်လို့သိရတယ်။ မနေ့က ကယ်ခဲ့တဲ့တစ်ယောက်တောင် စွံ့ရည်ထဲမှာနစ်လို့မရုန်းနိုင်ဘူး။ ခေါ်ရင်လည်းရေစီးသံကြောင့်မကြားရဘူးလေ။ သူကတော့ကျန်းကျန်းမာမာနဲ့ပြန်ကယ်နိုင်ခဲ့တယ်။ ဒီနေ့မှာ တစ်မိုင်လောက်ရှာနေပြီမတွေ့သေးဘူး” လို့ပြောပါတယ်။

ကျေးရွာအပေါ်ဘက်က လမ်းတာချဲ့တဲ့ချိန်စွန့်ပစ်ထားတဲ့မြေစာတွေက ကျေးရွာသောက်သုံးရေအတွက်သွယ်တန်းထားတဲ့ရေပိုက်တွေပျက်စီးစေတာကြောင့် ရွာတွင်းသောက်သုံးရေအခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။

ဦးထန်စွမ်မန်က “မိုးရွာတဲ့ချိန်မှာမိုးရေခံပြီးသောက်ကြတယ်။ မိုးမရွာရင်တော့ ရေသောက်သုံးဖို့တော်တော်ခက်တယ်။ တချို့ကတော့ ရွာနီးနားကစမ်းတွင်းသေးသေးလေးမှာရေသွားခတ်ကြတယ်။ အခု ရေအားလျှပ်စစ်မကောင်းတော့ တချို့ကရပ်ကွက်ထဲကမီးစက်ပဲသုံးကြတယ်။ ရပ်ကွက်မီးမယူနိုင်ရင်တော့ ဖယောင်းတိုင်၊ ထင်းရှုးမီးပဲသုံးကြတယ်” လို့ပြောပါတယ်။

အရင်နှစ်တွေကတည်းက ကားလမ်းချဲ့တဲ့ချိန်မှာ စွန့်ပစ်မြေစာတွေလမ်းဘေးမှာမစွန့်ပစ်ဖို့ကျေးရွာသားတွေက မြို့နယ်တာဝန်ခံနဲ့ ကုမ္မဏီတွေကိုစာနဲ့တောင်းဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်