တီးတိန်မြို့ကို Lockdown ချဖို့အစီအစဉ်မရှိသေးဘူး

ချင်းပြည်နယ်အစိုးရအနေနဲ့ တီးတိန်မြို့ကို Lockdown ချဖို့ အစီအစဉ်မရှိသေးဘူးလို့ ဒီမနက်က စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။

ဝန်ကြီး ဦးစိုးထက်က “တီးတိန်မြို့ကို Lockdown ချဖို့ ကျနော်တို့ လောလောဆယ်တော့မရှိသေးပါဘူး။ Lockdown ချမယ်ဆိုရင် လိုအပ်မယ့် ရေ၊မီး၊ စားရေးသောက်ရေးတွေ နေဖို့ထိုင်ဖို့တွေ အများကြီးလုပ်ရအုံးမယ်။ နောက် သယ်ယူပို့ဆောင်တဲ့ ကားကိစ္စတွေလုပ်ရမယ်။ အဲ့ဒါကြောင့် Lockdown ချဖို့ ပြင်ဆင်နေတုန်းပဲရှိပါသေးတယ်။ လောလောဆယ် Positive လူနာ (၅)ယောက်ရှိပေမယ့် ဆေးရုံမှာ သီးသန့် ထားပါတယ်။ ဒါထက်ကို ပိုပြီးတော့ ပြန့်ပွားတာတို့ တိုးလာတာတို့ရှိရင်တော့ တီးတိန်မြို့ကို Lockdown ချဖို့ စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်။ လောလောဆယ်တော့ ကပ်တဲလ်ရွာကိုပဲ Lockdown ချတာ (၂၁)ရက်မှာ ပြည့်တဲ့တွက် နောက်ထပ် တစ်ပတ် (၂၈)ရက်ထိ Lockdown ချထားပါတယ်။ တီးတိန်ကို Lockdown ချလိုက်ရင် တွန်းဇံတို့ ကျီခါးတို့တွက် သွားရေးလာရေး အကုန်ခက်ခဲသွားမှာဖြစ်တယ်။ အခု ရေကလည်း ရပ်ကွက်လိုက်အလှည့်ကျပေးတဲ့တွက် ခွင့်ပြချက်ရတဲ့ ဘတ်ဂျက်နဲ့လုပ်ရင်တောင် တစ်လ နှစ်လလောက်ကြာအုံးမယ်။ မီးရဖို့တွက်လည်း ရေကိုစုပြီးမှ ရေအားလျှပ်စစ်နဲ့ အလှည့်သုံးကြိမ်ခွဲပြီးတော့ပေးရတယ်။ တစ်ကြိမ်မှာ (၈)နာရီပဲမီးပေးနိုင်တယ်။ ၂၄ နာရီမီးပေးနိုင်ဖို့ဆိုရင် တစ်ထောင် ကေဘီမီးစက် ၂ လုံးလောက်လိုတယ်။ အဲ့တွက် စက်သုံးဆီလည်းလိုတယ်။ မြို့တစ်မြို့လုံးကို မီးပေးမယ်ဆိုရင် တစ်လကို သိန်း ၄၀၀ ကနေ ၅၀၀ လောက်လိုတယ်။ အခု ၃၀၀ ကေဘီစက်နဲ့ မြို့ကိုမီးပေးနေတယ်။ အခု ရန်ကုန်ရုံးချုပ်ကို ၅၀၀ ကေဘီမီးစက်တင်ပြထားတယ်။ သူတို့ပေးရင်တောင်မှာ အနည်းဆုံး ၂လ၊ ၃လလောက်ကြာမယ့်အနေထားဖြစ်ပါတယ်။ လက်ရှိ ဆေးရုံကို ၂၄ နာရီမီးပေးနေပါတယ်။ ဒါကြောင့် တီးတိန်မြို့ကို Lockdown ချဖို့ အစီအစဉ်မရှိသေးပါဘူး။ ပြင်တော့ ပြင်ဆင်နေတယ်ဆိုတာ ပြောချင်ပါတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်