တီးတိန်မြို့ဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာတစ်ဦးရောက်ရှိ

အမေရိကန်မှမင်္ဂလာဆောင်ဖို့ရောက်လာတဲ့ ချင်းအမျိုးသားတစ်ဦးဟာ နေမကောင်းဖြစ်တာကြောင့် တီးတိန်မြို့ ပြည်သူ့ဆေးရုံဆရာဝန်တွေက COVID-19 စောင့်ကြည့်လူနာအဖြစ် မတ်လ (၂၁)ရက်က စတင်ထိန်းသိမ်းထားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ အမေရိကန်နိုင်ငံမှ မင်္ဂလာဆောင်ဖို့ရောက်လာတဲ့ တီးတိန်မြို့နယ် ကပ်တယ်လ် (Kaptel) ရွာသား (၂၄ နှစ်)အရွယ်အမျိုးသားဟာ မတ်လ (၁၈)ရက်တွင် ရွာကိုရောက်လာပြီး သိပ်မကြာခင် ကိုယ်ပူပြီးဖျားတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူ့ဆေးရုံကိုအကြောင်းကြားပါတယ်။ တီးတိန်ပြည်သူ့ဆေးရုံ ဆရာဝန်တွေကကျေးရွာသို့လူနာကို လာရောက်ကြည့်ရှုပြီး စောင့်ကြည့်လူနာအဖြစ် ဆေးရုံတွင် (၁၄)ရက်ကြာစောင့်ကြည့်ဖို့ ထိန်းသိမ်းထားပါတယ်။

တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဂိုဆွမ်ခိုင်က “သူပြန်လာတုန်းမဖျားဘူး။ ရွာကိုရောက်ပြီးမှဖျားတာ။ သူက ရောက်ပြီးချက်ချင်းရေချိုးလိုက်တယ်။ သူ့အမျိုးတွေကလည်း အအေးမိတာဖြစ်မယ်လို့ပြောတယ်။ သူ့အမျိုးတွေက ဘာမှအထိတ်တလန့်ဖြစ်တာမရှိဘူး။ သူ့ကို ဆေးရုံက ဝန်ထမ်းအိမ်ယာအသစ်ဆောက်ထားတဲ့ လူမနေသေးတဲ့ အိမ်မှာစောင့်ကြည့်ထားတယ်။ ဒီမနက် ဆရာဝန်ကြီးကတော့ လန်းလန်းဆန်းဆန်းဖြစ်တယ်လို့ပြောတယ်။ သူက ရောဂါဖြစ်တဲ့ နိုင်ငံကနေပြန်လာတာကြောင့်ပါ”လို့ပြောပါတယ်။

ကလေးမြို့တွင်လည်း စင်ကာပူကနေ ပြန်လာပြီးဖျားနေတဲ့ အမျိုးသမီးတစ်ယောက်ကို မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထိန်းသိမ်းထားပါတယ်။
ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားမှပြန်လာပြီး နေမကောင်းဖြစ်နေတဲ့သူတွေကို သက်ဆိုင်ရာမြို့နယ်ဆေးရုံသို့အကြောင်းကြားဖို့ ရပ်၊ကျေးအုပ်ချုပ်ရေးမှူးတွေထံအမိန့်ထုတ်ထားပါတယ်။

(Zawgyi)

တီးတိန္ၿမိဳ႕ေဆးရံုတြင္ COVID-19 ေစာင့္ၾကည့္လူနာတစ္ဦးေရာက္ရွိ

အေမရိကန္မွမဂၤလာေဆာင္ဖို႔ေရာက္လာတဲ့ ခ်င္းအမ်ဳိးသားတစ္ဦးဟာ ေနမေကာင္းျဖစ္တာေၾကာင့္ တီးတိန္ၿမိဳ႕ ျပည္သူ႔ေဆးရံုဆရာဝန္ေတြက COVID-19 ေစာင့္ၾကည့္လူနာအျဖစ္ မတ္လ (၂၁)ရက္က စတင္ထိန္းသိမ္းထားတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ အေမရိကန္ႏိုင္ငံမွ မဂၤလာေဆာင္ဖို႔ေရာက္လာတဲ့ တီးတိန္ၿမိဳ႕နယ္ ကပ္တယ္လ္ (Kaptel) ရြာသား (၂၄ ႏွစ္)အရြယ္အမ်ဳိးသားဟာ မတ္လ (၁၈)ရက္တြင္ ရြာကိုေရာက္လာၿပီး သိပ္မၾကာခင္ ကိုယ္ပူၿပီးဖ်ားတာေၾကာင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ျပည္သူ႔ေဆးရံုကိုအေၾကာင္းၾကားပါတယ္။ တီးတိန္ျပည္သူ႔ေဆးရံု ဆရာဝန္ေတြကေက်းရြာသို႔လူနာကို လာေရာက္ၾကည့္ရႈၿပီး ေစာင့္ၾကည့္လူနာအျဖစ္ ေဆးရံုတြင္ (၁၄)ရက္ၾကာေစာင့္ၾကည့္ဖို႔ ထိန္းသိမ္းထားပါတယ္။

တီးတိန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွူး ဦးဂိုဆြမ္ခိုင္က “သူျပန္လာတုန္းမဖ်ားဘူး။ ရြာကိုေရာက္ၿပီးမွဖ်ားတာ။ သူက ေရာက္ၿပီးခ်က္ခ်င္းေရခ်ဳိးလိုက္တယ္။ သူ႔အမ်ဳိးေတြကလည္း အေအးမိတာျဖစ္မယ္လို႔ေျပာတယ္။ သူ႔အမ်ဳိးေတြက ဘာမွအထိတ္တလန္႔ျဖစ္တာမရွိဘူး။ သူ႔ကို ေဆးရံုက ဝန္ထမ္းအိမ္ယာအသစ္ေဆာက္ထားတဲ့ လူမေနေသးတဲ့ အိမ္မွာေစာင့္ၾကည့္ထားတယ္။ ဒီမနက္ ဆရာဝန္ၾကီးကေတာ့ လန္းလန္းဆန္းဆန္းျဖစ္တယ္လို႔ေျပာတယ္။ သူက ေရာဂါျဖစ္တဲ့ ႏိုင္ငံကေနျပန္လာတာေၾကာင့္ပါ”လို႔ေျပာပါတယ္။

ကေလးၿမိဳ႕တြင္လည္း စင္ကာပူကေန ျပန္လာၿပီးဖ်ားေနတဲ့ အမ်ဳိးသမီးတစ္ေယာက္ကို ၿမိဳ႕နယ္ျပည္သူ႔ေဆးရံုတြင္ ေစာင့္ၾကည့္လူနာအျဖစ္ ထိန္းသိမ္းထားပါတယ္။
ျပည္ေထာင္စုက်န္းမာေရးဝန္ၾကီးဌာနကလည္း ႏိုင္ငံျခားမွျပန္လာၿပီး ေနမေကာင္းျဖစ္ေနတဲ့သူေတြကို သက္ဆိုင္ရာၿမိဳ႕နယ္ေဆးရံုသို႔အေၾကာင္းၾကားဖို႔ ရပ္၊ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြထံအမိန္႔ထုတ္ထားပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်