တီးတိန်မြို့နယ်တွင် CNA နဲ့ ZRA နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ တီးတိမြို့နယ် Singlei ကျေးရွာအနီးတွင် CNA နဲ့ ZRA တို့ဟာ ဧပြီ ၂၇ ရက်နဲ့ ၂၈ ရက်တွင် တိုက်ပွဲဖြစ်ပွားတယ်လို့ CNA ဘက်ကနေ သတင်းရရှိပါတယ်။

CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “သေနတ်သံကြားရသလောက် သူတို့ဘက်က အင်အား ၂၀ လောက်ရှိမယ်။ ကျနော်တို့ဘက်ကတော့ အသေအပျောက်မရှိဘူး။ သူတို့ဘက်က တစ်ယောက် ကျသွားတာတော့ မြင်တယ်။ တိုက်ပွဲကတော့ ၁၀ မိနစ်လောက်ပဲကြာတယ်။ တိုက်ပွဲငယ်လို့ပြောရမှာပေါ့” လို့ပြောပါတယ်။

CNA နဲ့ ZRA တို့ဟာ ဧပြီ ၂၇ ရက် မနက် ၇ နာရီလောက်တွင် တစ်ကြိမ် ဧပြီ ၂၈ ရက် ညနေ ၃ နာရီလောက်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားကြပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တီးတိန်မြို့နယ်၊ Ngawsing ရွာနားမှာ CNA နဲ့ ZRA ကြားပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွား အခုထိ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီလို့သိရတယ်။

ZRA က ဇန်နဝါရီ ၁၆ ရက်တွင် လက်ရှိအချိန်ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် လိုအပ်သလို တိုက်စစ်ဖွင့်တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ZRA ဟာ ၂၀၂၁ ခုနှစ်က အိန္ဒိယနိုင်ငံနဲ့ထိစပ်နေတဲ့ တီးတိန်၊ တွန်းဇံမြို့နယ်မှာ စခန်းချတဲ့ PDA, PDF-Zoland နဲ့ CDF-Hualngo တပ်စခန်းကိုသွားရောက်တိုက်ခိုက်ပြီးဖျက်ဆီးခဲ့ပါတယ်။

Zawgyi

တီးတိန္ၿမိဳ႕နယ္တြင္ CNA နဲ႔ ZRA ႏွစ္ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြား

ခ်င္းျပည္နယ္၊ တီးတိၿမိဳ႕နယ္ Singlei ေက်း႐ြာအနီးတြင္ CNA နဲ႔ ZRA တို႔ဟာ ဧၿပီ ၂၇ ရက္နဲ႔ ၂၈ ရက္တြင္ တိုက္ပြဲျဖစ္ပြားတယ္လို႔ CNA ဘက္ကေန သတင္းရရွိပါတယ္။

CNA ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီက “ေသနတ္သံၾကားရသေလာက္ သူတို႔ဘက္က အင္အား ၂၀ ေလာက္ရွိမယ္။ က်ေနာ္တို႔ဘက္ကေတာ့ အေသအေပ်ာက္မရွိဘူး။ သူတို႔ဘက္က တစ္ေယာက္ က်သြားတာေတာ့ ျမင္တယ္။ တိုက္ပြဲကေတာ့ ၁၀ မိနစ္ေလာက္ပဲၾကာတယ္။ တိုက္ပြဲငယ္လို႔ေျပာရမွာေပါ့” လို႔ေျပာပါတယ္။

CNA နဲ႔ ZRA တို႔ဟာ ဧၿပီ ၂၇ ရက္ မနက္ ၇ နာရီေလာက္တြင္ တစ္ႀကိမ္ ဧၿပီ ၂၈ ရက္ ညေန ၃ နာရီေလာက္တြင္ တစ္ႀကိမ္ တိုက္ပြဲျဖစ္ပြားၾကပါတယ္။

၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာ ၁၇ ရက္က တီးတိန္ၿမိဳ႕နယ္၊ Ngawsing ႐ြာနားမွာ CNA နဲ႔ ZRA ၾကားပထမဆုံးအႀကိမ္ တိုက္ပြဲျဖစ္ပြား အခုထိ တုိက္ပြဲ ၃ ၾကိမ္ျဖစ္ပြားခဲ့ၿပီလုိ႔သိရတယ္။

ZRA က ဇန္နဝါရီ ၁၆ ရက္တြင္ လက္ရွိအခ်ိန္ခ်င္းျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ပြားလာတာေၾကာင့္ လိုအပ္သလို တိုက္စစ္ဖြင့္ေတာ့မယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

ZRA ဟာ ၂၀၂၁ ခုႏွစ္က အိႏၵိယႏိုင္ငံနဲ႔ထိစပ္ေနတဲ့ တီးတိန္၊ တြန္းဇံၿမိဳ႕နယ္မွာ စခန္းခ်တဲ့ PDA, PDF-Zoland နဲ႔ CDF-Hualngo တပ္စခန္းကိုသြားေရာက္တိုက္ခိုက္ၿပီးဖ်က္ဆီးခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်