တုန်းဇန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းမီးလောင်သောကြောင့် ပရိဘောဂများလိုအပ်နေ

၂၀၁၉၊ အောက်တိုဘာ (၂၁)
တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းဟာ အောက်တိုဘာ (၁၁)ရက်ညက မီးလောင်သောကြောင့် ဒီနေ့ကျောင်းပြန်ဖွင့်ချိန်တွင် စာရေးခုံနဲ့စာပွဲများအခက်အခဲဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

တုန်းဇန်ကျေးရွာ လူငယ်အဖွဲ့ဦးဆောင်သူ ကိုဆုမ်းပီးက “ဒီနေ့တော့ ဘုရားကျောင်းသုံး ကျောင်းမှာ အတန်းခွဲပြီးတော့စာသင်ကြတယ်။ ဒါပေမယ့် စာရေးခုံတို့၊ စာပွဲတို့မရှိတော့ အဆင်မပြေဘူး။ ကျောင်းဝန်းထဲမှာ မီးမလောင်ပဲကျန်တာက အခန်းသုံးခန်းပဲရှိတယ်။ ကျန်တဲ့အတန်းတွေကတော့ အ.မ.က ကျောင်းဆောင်သစ်မှာသွားသင်ကြတယ်” လို့ပြောပါတယ်။

TYF(Tedim Youth Fellowship) က NGO အဖွဲ့တစ်ခုဖြစ်တဲ့ ပေါင်းကူး နဲ့ ချိတ်ဆက်ပြီး စာသင်ခုံ ၃၃ လုံး လှူဒါန်းဖို့စီစဉ်နေပါတယ်။

ယင်းမီးလောင်မှုတွင် ကျောင်းစာသင်ဆောင် တစ်လုံး၊ ဝန်ထမ်းအိမ်ရာ (၄)လုံး မီးလောင်သွားပြီး ကျောင်းအနီးရှိ လူနေအိမ်တစ်လုံးပျက်ဆီးခဲ့ပါတယ်။ တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ)ကျောင်းတွင် ကျောင်းသူ၊သား ၄၀၀ ကျော်ရှိပါတယ်။

(Zawgyi)

တုန္းဇန္ေက်း႐ြာ အ.ထ.က(ခြဲ)ေက်ာင္းမီးေလာင္ေသာေၾကာင့္ ပရိေဘာဂမ်ားလိုအပ္ေန

၂၀၁၉၊ ေအာက္တိုဘာ (၂၁)
တီးတိန္ၿမိဳ႕နယ္ တုန္းဇန္ေက်း႐ြာ အ.ထ.က(ခြဲ)ေက်ာင္းဟာ ေအာက္တိုဘာ (၁၁)ရက္ညက မီးေလာင္ေသာေၾကာင့္ ဒီေန႔ေက်ာင္းျပန္ဖြင့္ခ်ိန္တြင္ စာေရးခုံနဲ႔စာပြဲမ်ားအခက္အခဲျဖစ္ေနတယ္လို႔ သတင္းရရွိပါတယ္။

တုန္းဇန္ေက်း႐ြာ လူငယ္အဖြဲ႕ဦးေဆာင္သူ ကိုဆုမ္းပီးက “ဒီေန႔ေတာ့ ဘုရားေက်ာင္းသုံး ေက်ာင္းမွာ အတန္းခြဲၿပီးေတာ့စာသင္ၾကတယ္။ ဒါေပမယ့္ စာေရးခုံတို႔၊ စာပြဲတို႔မရွိေတာ့ အဆင္မေျပဘူး။ ေက်ာင္းဝန္းထဲမွာ မီးမေလာင္ပဲက်န္တာက အခန္းသုံးခန္းပဲရွိတယ္။ က်န္တဲ့အတန္းေတြကေတာ့ အ.မ.က ေက်ာင္းေဆာင္သစ္မွာသြားသင္ၾကတယ္” လို႔ေျပာပါတယ္။

TYF(Tedim Youth Fellowship) က NGO အဖြဲ႔တစ္ခုျဖစ္တဲ့ ေပါင္းကူး နဲ႔ ခ်ိတ္ဆက္ၿပီး စာသင္ခံု ၃၃ လံုး လွဴဒါန္းဖို႔စီစဥ္ေနပါတယ္။

ယင္းမီးေလာင္မႈတြင္ ေက်ာင္းစာသင္ေဆာင္ တစ္လုံး၊ ဝန္ထမ္းအိမ္ရာ (၄)လုံး မီးေလာင္သြားၿပီး ေက်ာင္းအနီးရွိ လူေနအိမ္တစ္လုံးပ်က္ဆီးခဲ့ပါတယ္။ တုန္းဇန္ေက်း႐ြာ အ.ထ.က (ခြဲ)ေက်ာင္းတြင္ ေက်ာင္းသူ၊သား ၄၀၀ ေက်ာ္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်