တော်လှန်ရေး သုံးနှစ်တာကာလအတွင်းABSDFတပ်ဖွဲ့ဝင် ၂၄ဦးကျဆုံးပြီး၊၅၀ဦးဒဏ်ရာရဟုဆို

▪️ABSDF ၁၂ကြိမ်မြောက်ညီလာခံမှာ လက်ရှိ   ဥက္ကဌရဲဘော်သံခဲကို ဥက္ကဌအဖြစ်ဆက်လက်ရွေးချယ်

၂၀၊နိုဝင်ဘာ၊၂၀၂၃

Zalen

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်သစ် တပ်ဦး(ABSDF)ဟာ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ၃နှစ်တာ ကာလအတွင်းမှာ စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၂၈၀ကျော်ဆင်နွဲခဲ့ပြီး ABSDF တပ်ဖွဲ့ဝင် ၂၄ဦးကျဆုံးခဲ့ပြီး၊ရဲဘော် ၅၀ဦးဒဏ်ရာရရှိခဲ့တယ်လို့ ABSDF ၁၂ကြိမ်မြောက်ညီလာခဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ABSDF ကို ၁၉၈၈ နိုဝင်ဘာ ၁ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး၊၂၀၂၁အာဏာသိမ်းချိန်မှာလည်း စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ပြီး တိုက်ပွဲများဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။

ABSDFတပ်ဖွဲ့ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့စစ်ဒေသတွေကနေတစ်ဆင့် စစ်ကောင်စီကိုပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး ယခုအခါ အမှတ်(၁)စစ်ဒေသ အောက်မှာရှိတဲ့ စစ်ဆင်ရေးတွေမှာ အဓိကပါဝင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ABSDF ၁၂ကြိမ်မြောက်ညီလာခံကို နိုဝင်ဘာ ၁ရက်နေ့ကနေ ၁၇ရက်နေထိ အောင်မြင်စွာကျင်းပခဲ့တာဖြစ်ပြီး ဗဟိုကော်မတီ ၂၁ဦးနဲ့ အရံဗဟိုကော်မတီ ၄ဦးကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။

ဥက္ကဌနေရာကို လက်ရှိဥက္ကဌဖြစ်တဲ့ရဲဘော် သံခဲ ကဆက်လက်ရွေးချယ်ခံရပြီး ယခင်ဒု-ဥက္ကဌရဲဘော် မျိုးဝင်းနေရာကို ရဲဘော် လဆိုင်းကိုရွေးချယ်ခန့်အပ်ခဲ့ကြပါတယ်။

ယခင်ဥက္ကဌဖြစ်တဲ့ မျိုးဝင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်နေ့ မှာ စစ်ကောင်စီကျင်းပတဲ့ NCA နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ခဲ့တာကြောင့် ရာထူးကနေရုပ်သိမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

သတင်း – HAK

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်