တွန်းဇံမြို့နယ် မဲစာရင်းကွာဟမှုဟာ ကွန်ပျူတာ error ဖြစ်နေချိန်သတင်းပေါက်ကြားသွားတာဟုဆို

တွန်းဇံမြို့နယ် မဲစာရင်းရလာဒ်ဟာ မဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေစာရင်းထက်ပိုများနေလို့ ဒုတိယအကြိမ်စစ်ဆေးနေတယ်ဆိုပြီး နိုဝင်ဘာလ (၉)ရက်နေ့က ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး(ကိုယ်စား)လက်မှတ်နဲ့ စာတစ်စောင် အွန်လိုင်းပေါ်တက်လာပါတယ်။

ယင်းစာထဲမှာ မဲရုံ (၄၀)မှ ကိုယ်စားလှယ်လောင်းများရဲ့ မဲရလာဒ်မဲပုံးက နိုဝင်ဘာလ (၉)ရက် နေ့လည် (၁၂)နာရီတွင်ရောက်လာပြီး ZCD ပါတီမှ ပြည်နယ်လွှတ်တော်အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးပေါင်လွန်မင့်ထန်က (၇၂၇၄)မဲ၊ NLDပါတီမှ ကိုယ်စားလှယ်လောင်း ဦးထန်ဆွင်းဇမ်းက (၅၄၄၄)မဲ အသီးသီးရရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေထက် (၄၆၇၅)ဦးများပြားနေလို့ ဒုတိယအကြိမ်စစ်ဆေးနေကြောင်းဖော်ပြထားပါတယ်။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ စိစစ်နေတဲ့ကာလမှာ ကိန်းဂဏန်းတွေကို အတင်းအဓမ္မယူပြီးတော့ ဖြစ်တာပါ။ ကိန်းဂဏန်းတွေကို မြို့နယ်မှာလည်းစိစစ်တယ်။ ပြည်နယ်မှာလည်း စိစစ်တယ်။ စိစစ်နေတဲ့ကာလအတွင်းမှာ တခါတလေကျရင် ကွန်ပျူတာမှာ နှစ်ဆဖြစ်သွားတာ။ စုစုပေါင်းမှာလေ။ အဲ့လိုမှားတဲ့ဟာကို ပြန်စိစစ်နေတဲ့အချိန်မှာတင် ဒီလိုဖြစ်ပါတယ်ဆိုပြီး ရဲကနေသတင်းတက်သွားတာ။ မြို့နယ်ကတော့ အမှန်ဆို ပြည်နယ်ကို သတင်းပို့စရာလည်းမလိုဘူး။ သတင်းထုတ်စရာလည်းမလိုဘူး။ သူ့တာဝန်ဖြစ်တဲ့တွက် သူ့ဟာနဲ့သူ ကိုယ်စားလှယ်တွေနဲ့ ဝိုင်းစိစစ်နေကြတာလေ။ သတင်းထုတ်တဲ့စာလည်း လိုင်းပေါ်ရောက်သွားတယ်။ ကျနော်တို့လည်း အံ့သြရပါတယ်။ ရလာဒ်တွေကတကယ်လို့အပြောင်းအလဲသာဖြစ်မယ်ဆိုရင် ပါတီတွေကမကျေနပ်လို့ တစ်ခုခုဖြစ်မယ်ဆိုရင် ရဲတွေက အခြေအနေကိုထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ပြီးတော့ အောက်ခြေကနေမှ တင်တဲ့သဘောဖြစ်မှာပါ။ ရွေးကောက်ပွဲကပွင့်လင်းမြင်သာအောင်လုပ်ရတာလေ။ ကျနော်တို့က အခန်းထဲမှာပိတ်ပြီးတော့ ရလာဒ်ကိုသွားရည်နေလို့မရဘူး။ လက်ရေတွေမှာမမှားပါဘူး။ ကွန်ပျူတာထဲမှာ တစ်ယောက်ထဲပဲများနေတာဆိုရင် ဒါမသမာမှုပေါ့။ ခုက ၅ ယောက်စလုံးက တစ်ဆစီတက်သွားတာ။ ဒါသည်မသမာမှုလည်းမဟုတ်ဘူး။ တမင်တကာကြံရွယ်ပြီးလည်းလုပ်တာမဟုတ်ဘူး။ ဒီအမှားကို ပြည်နယ်ကလည်းသိတယ်။ ကိုယ်စားလှယ်လောင်းတွေလည်းသိတယ်။ မဲရုံတွေကလည်းသိတယ်။ အဲ့ဒါကို စိစစ်နေတဲ့ချိန်မှာ သူတို့က စိုးရိမ်စိတ်နဲ့တက်သွားတာပါ” လို့ပြောပါတယ်။

တွန်းဇံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲရုံးရဲ့ မနေ့ည ညနေ (၆)နာရီ စာရင်းရလာဒ်ကြေညာတဲ့ချိန်မှာတော့ ဦးပေါင်လွန်မင့်ထန်က (၃၆၃၇)မဲ၊ ဦးထန်ဆွင်းဇမ်းက (၂၇၆၀)မဲ အသီးသီးရရှိကြပါတယ်။ တွန်းဇံမြို့နယ် ပြည်နယ်အမှတ် ၂မှာ မဲပေးပိုင်ခွင့်ရှိတဲ့သူ ၈၀၄၂ ဦးရှိပြီး မဲပေးတဲ့သူ ၇၀၇၅ ဦးရှိတယ်။

တွန်းဇံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲရဲ့ အတွင်းရေးမှူး ဦးထန်ဟောက်လန်က “မဲစာရင်းကွာတယ်ဆိုတာက မဲရုံတွေဆီကနေ ပုံစံ (၁၆)ရောက်လာတဲ့ချိန်မှာ ကွန်ပျူတာထဲကမှာ စာရင်းပုံစံ (၁၉)ထဲမှာသွင်းထားတယ်။ အဲ့လိုသွင်းတဲ့ချိန် စစ်ဆေးနေတဲ့ချိန်မှာ မဲစာရင်းရလာဒ်နေရာမှာ အော်တိုပေါင်းတဲ့ချိန်မှာ ဖော်မျူလာမှားသွားလို့။ ရလာဒ်အားလုံးကို ၂ နဲ့မြောက်သွားလို့။ ကျနော်တို့သိလိုက်တော့ အဲ့ဒါကိုပြန်ဖြေလိုက်တယ်။ အဲ့ဒါကို ဘယ်ကဘယ်လို သတင်းရသွားမှန်းတော့မသိဘူး။ ပြန့်သွားတယ်။ ကျနော်တို့စိစစ်နေတဲ့ချိန်ဖြစ်တော်သေးတာပေါ့။ အဲ့လိုမှားနိုင်တယ်ဆိုတာသိလို့ အကြိမ်ကြိမ်အခါခါစစ်နေရတာလေ။ အဲ့ဒီပြည်နယ် (၂)နေရာမှာပဲဖြစ်တာ။ ကျန်တဲ့လွှတ်တော် ၃ ရပ်မှာတော့ ဘာမှမဖြစ်ဘူး။ စုစုပေါင်းကို ၂ နဲ့မြောက်သွားတာ။ အဲ့ဒါကြောင့်။ ရလာဒ်ကတော့ ဘာမှမပြောင်းလဲပါဘူး။ မဲစာရင်းကြေညာတဲ့ ညနေ (၆)နာရီမှာတော့ မဲစာရင်းအားလုံးကမှန်ပါတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်