ထန်တလန်နဲ့ အိန္ဒိယနယ်စပ် ဆာဆီချောက်တံတားကို နောက်နှစ်မတ်လမတိုင်မီ တည်ဆောက်မယ်

ချင်းပြည်နယ် ထန်တလန်မြို့နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုဆက်သွယ်ပေးမယ့် ဘွေနူးမြစ်ကူးတံတား (ဆာဆီချောက်)ကို ၂၀၂၁ ခုနှစ် မတ်လမတိုင်မီ စတင်တည်ဆောက်နိုင်မယ်လို့ ထန်တလန်မြို့နယ် စည်ပင်ဥက္ကဌ ဦးရမ်ခါရ်ထံမှသတင်းရရှိပါတယ်။

ယင်းတံတားစီမံကိန်းအတွက် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၂ သန်း၊ မြန်မာနိုင်ငံဘက်က အမေရိကန်ဒေါ်လာ ၀ ဒသမ ၅ သန်းနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကျခံဖို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးနဲ့ အိန္ဒိယသံအမတ်ကြီးတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးတွင်ဆွေးနွေး ညှိနှိုင်းကြပါတယ်။

ယင်းနေရာကို နေပြည်တော်မှ မြန်မာ့အထူးတံတားအဖွဲ့နဲ့ ထန်တလန်မြို့နယ်အာဏာပိုင်တွေက ဒီဇင်ဘာလ (၆)ရက်နေ့ကသွားရောက်ကြည့်ရှုပြီး မြေသားစမ်းသပ်မှုတွေပြုလုပ်ကြပါတယ်။

ထန်တလန်မြို့နယ် စည်ပင်ဥက္ကဌ ဦးရမ်ခါရ်က “မြေသားစမ်းသပ်မှုက ၂ ပတ်လောက်ကြမယ်တဲ့။ ပြီးရင်အထက်ကို အစီရင်ခံပြီး တံတားဒီဇိုင်းထုတ်မယ်။ တံတားဆောက်မယ့်သူကတော့ မြန်မာဘက်ကလို့သိရတယ်။ သူတို့ပြောတာကတော့ လုပ်ငန်းစဉ်အချောမွေ့ရင် နောက်နှစ် မတ်လ မတိုင်ခင်လုပ်ငန်းစနိုင်မယ်လို့ပြောကြတယ်” လို့ပြောပါတယ်။

ဆာဆီချောက်တံတားဟာ အရှည် ပေ ၅၀၀ ရှိပြီး ၂ လမ်းသွားတံတားနဲ့တည်ဆောက်မှာဖြစ်ပါတယ်။ လက်ရှိ ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်ကြားမှာ နယ်စပ်တံတားဟာ ရိခေါ်ဒါရ်တံတားတစ်ခုသာရှိပါတယ်။

(Zawgyi)

ထန္တလန္နဲ႔ အိႏိၵယနယ္စပ္ ဆာဆီေခ်ာက္တံတားကို ေနာက္ႏွစ္မတ္လမတုိင္မီ တည္ေဆာက္မယ္

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္နဲ႔ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကိုဆက္သြယ္ေပးမယ့္ ေဘြႏူးျမစ္ကူးတံတား (ဆာဆီေခ်ာက္)ကို ၂၀၂၁ ခုႏွစ္ မတ္လမတုိင္မီ စတင္တည္ေဆာက္ႏိုင္မယ္လို႔ ထန္တလန္ၿမိဳ႕နယ္ စည္ပင္ဥကၠဌ ဦးရမ္ခါရ္ထံမွသတင္းရရွိပါတယ္။

ယင္းတံတားစီမံကိန္းအတြက္ အိႏိၵယႏိုင္ငံက အေမရိကန္ေဒၚလာ ၂ သန္း၊ ျမန္မာႏိုင္ငံဘက္က အေမရိကန္ေဒၚလာ ၀ ဒသမ ၅ သန္းနဲ႔ညီမွ်တဲ့ ျမန္မာက်ပ္ေငြက်ခံဖို႔ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ (၁၇)ရက္က ေဆာက္လုပ္ေရးဝန္ၾကီးဌာန၊ ဒုဝန္ၾကီးနဲ႔ အိႏိၵယသံအမတ္ၾကီးတို႔ ေဆာက္လုပ္ေရးဝန္ၾကီးဌာနရံုးတြင္ေဆြးေႏြး ညိွႏႈိင္းၾကပါတယ္။

ယင္းေနရာကို ေနျပည္ေတာ္မွ ျမန္မာ့အထူးတံတားအဖြဲ႔နဲ႔ ထန္တလန္ၿမိဳ႕နယ္အာဏာပိုင္ေတြက ဒီဇင္ဘာလ (၆)ရက္ေန႔ကသြားေရာက္ၾကည့္ရႈၿပီး ေျမသားစမ္းသပ္မႈေတြျပဳလုပ္ၾကပါတယ္။

ထန္တလန္ၿမိဳ႕နယ္ စည္ပင္ဥကၠဌ ဦးရမ္ခါရ္က “ေျမသားစမ္းသပ္မႈက ၂ ပတ္ေလာက္ၾကမယ္တဲ့။ ၿပီးရင္အထက္ကို အစီရင္ခံၿပီး တံတားဒီဇိုင္းထုတ္မယ္။ တံတားေဆာက္မယ့္သူကေတာ့ ျမန္မာဘက္ကလို႔သိရတယ္။ သူတို႔ေျပာတာကေတာ့ လုပ္ငန္းစဥ္အေခ်ာေမြ႔ရင္ ေနာက္ႏွစ္ မတ္လ မတုိင္ခင္လုပ္ငန္းစႏိုင္မယ္လို႔ေျပာၾကတယ္” လို႔ေျပာပါတယ္။

ဆာဆီေခ်ာက္တံတားဟာ အရွည္ ေပ ၅၀၀ ရွိၿပီး ၂ လမ္းသြားတံတားနဲ႔တည္ေဆာက္မွာျဖစ္ပါတယ္။ လက္ရွိ ခ်င္းျပည္နယ္နဲ႔ မီဇိုရမ္ျပည္နယ္ၾကားမွာ နယ္စပ္တံတားဟာ ရိေခၚဒါရ္တံတားတစ္ခုသာရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်