ထန်တလန် စစ်ကောင်စီတပ်သား ၂ဦး လက်နက်များနဲ့အတူ CNA/CDF ထံဝင်ရောက်ခိုလှုံ

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား နှစ်ဦးသည် ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်များနဲ့အတူ CDF နှင့် CNA တပ်ဖွဲ့ဝင်များထံသို့ ထွက်ပြေးခိုလှုံလာကြကြောင်း သတင်းရရှိသည်။

“သူတို့ ညပိုင်းမှာ ထွက်ပြေးလာကြတယ်။ ထန်တလန်မြို့တွင်း CDF နှင့် CNA တပ်ဖွဲ့ဝင်များအခြေချသည့်နေရာကို ထွက်ပြေးလာကြတာပါ။ သေနက် ၂လက်နှင့် ကျည်ဆံတွေပါလာကြတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂ဦးကို CDF နှင့် CNA တပ်ဖွဲ့ဝင်များက နွေးထွေးစွာကြိုဆိုကြပြီး လုံခြုံသည့်နေရာဖက်သို့ ညတွင်းချင်းပို့ဆောင်ပေးကြပါတယ်။

ဟားခါး-ထန်တလန်အကြားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအကူအညီတွေလည်း အသုံးပြုခဲ့သည်။

Zalen ad

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးနှင့် ၅မိုင်ခန့်ရှိသည့် သီမစ်လွင်ပြင်အထိသာ ရောက်ရှိနိုင်ကြပြီး ထန်တလန်မြို့ဖက်ကို ကုန်းလမ်းဖြင့် စစ်ကူပို့နိုင်ခြင်း မရှိသေးပေ။

ယခု ဒီဇင်ဘာလအတွင်း ဟားခါး-ထန်တလန်အကြားနှင့် ထန်တလန်မြို့တွင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘူးလို့ သိရှိရသည်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်