ထိုင်းနိုင်ငံတွင် ကွန်ဒိုအများဆုံးဝယ်ယူသူများတွင် မြန်မာအဆင့် ၈ တွင်ရှိ

ထိုင်းနိုင်ငံတွင် ကွန်ဒိုစျေးကွက်ဟာ အနည်းငယ် ကျဆင်းလာနေသော်လည်း နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူမှုကတော့ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

၂၀၂၃ ပထမနှစ်ဝက်တွင် နိုင်ငံခြားသားများ၏ ကွန်ဒိုဝယ်ယူမှုဟာ တစ်နိုင်ငံလုံးကို ၂၄.၆ ရာခိုင်နှုန်းအထိ ကိုယ်စားပြုခဲ့ပါတယ်။

“ခုလို နိုင်ငံခြားသားများ၏ ကွန်ဒိုဝယ်ယူမှုမြင့်တက်လာခြင်းဟာ ပြီးခဲ့တဲ့နှစ်တွင် စတင်ခဲ့တဲ့ ကိုဗစ်-၁၉ စည်းကမ်းများ ပြန်လည်ဖြေလျှော့မှုများကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားများဟာ မဆောက်ခင် ကြိုတင်ဝယ်ယူထားတဲ့ ကွန်ဒိုအတွက် ငွေကိုအပြည့်အဝ လွှဲနိုင်ခဲ့တာဖြစ်ပါတယ်” ဟု REIC တွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုင်ချိုင်းဗီရာကာပန်က ပြောပါတယ်။

“ထိုင်းနိုင်ငံသားများအကြားမှာတော့ ကွန်ဒိုဝယ်လိုအားဟာ နှေးကွေးနေဆဲဖြစ်ပါတယ်။ စီးပွားရေးနလံထူလာဖို့၊ အစိုးရဟာ နိုင်ငံခြားသားများရဲ့ ကွန်ဒိုဝယ်ယူမှုကို အလေးထားဆောင်ရွက်သင့်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းဟာ ပတရာနှင့်ဖူးခက်တို့လို နေရာမျိုးတွင် နိုင်ငံခြားများ၏ ကွန်ဒိုပိုင်ဆိုင်မှု အရေအတွက်ကို မြင့်တက်လာစေလိမ့်မယ်” ဟု သူက ဆက်ပြောပါတယ်။

REIC က ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၂၃ ပထမနှစ်ဝက်အတွင်း နိုင်ငံသားများ ဝယ်ယူထားသော ကွန်ဒိုပေါင်း ၇၃၃၈ ခုအထိ ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ ၃၅.၂ ဘီလီယံ ခန့်ရှိပါတယ်။ ထိုင်းနိုင်ငံတွင် ကွန်ဒိုအများဆုံး ဝယ်ယူသူများတွင် တရုတ်နိုင်ငံသားများက ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ထို့နောက် ရုရှားနှင့် အမေရိကန်တို့က အဆင့်ဆင့် လိုက်တာပါတယ်။

၂၀၂၂ တွင် မြန်မာနိုင်ငံသားများ၏ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှုဟာ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မပါဝင်ခဲ့သော်လည်း အဆင့် ၆ အထိ တက်လာပြီးနောက်မှာတော့ ခုတော့ အဆင့် ၈ တွင်ရှိပါတယ်။ မြန်မာနိုင်ငံက ကွန်ဒိုဝယ်ယူသူများဟာ ကွန်ဒိုတစ်ခုအတွက်ပျမ်းမျှဘတ်ငွေ ၇ သန်းအထိ အသုံးပြုကြပါတယ်။ ချွန်ဘူရီကတော့ နိုင်ငံခြားသားများ အများဆုံး ကွန်ဒိုဝယ်ယူသော နေရာဖြစ်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်ကို ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်