ထိုင်းနိုင်ငံတွင် PDF များနေထိုင်သော တိုက်ခန်းတစ်ခု စီးနင်းခံရ

ထိုင်းနိုင်ငံ၊ တပ်ခ်ပြည်နယ်တွင်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်သော PDF အဖွဲ့နေထိုင်တဲ့ ၄ ထပ် တိုက်ခန်းတစ်ခုကို ထိုင်းရဲများက ဒီကနေ့ မတ်လ ၂၂ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

 နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာသော စစ်အာဏာရှင်ဆန့်ကျင်သူများ  နေထိုင်ကြောင်းကို ထိုင်းထောက်လှမ်းရေးက သတင်းရရှိပြီးနောက် အခုလို ယင်းတိုက်ခန်းကို ရဲများက ဝင်ရောက်ရှာဖွေခြင်းဖြစ်ပါတယ်။

PDF များ ပိုင်ဆိုင်ထားသော ကျည်ဆန်၊ ဆေးဝါးပစ္စည်း၊ စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ နှင့် တံဆိပ်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းစစ်တပ်ဘက်က ပြောဆိုချက်အရ ထိုနေရာက တိုက်ခန်းများတွင် နေထိုင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်ပေါင်း ၂၀၀ ခန့်ဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဆိုပါတယ်။

PDF ရဲဘော်များဟာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများထံနေ အထောက်အပံ့များ ရရှိထားကြောင်းလည်း ထိုင်းစစ်တပ်ဘက် သတင်းအမြစ်များကဖော်ပြပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်