ထီးလင်းမြို့နယ် ကျောင်းထိုင်ဆရာတော်တစ်ပါးပစ်သတ်သူ ၂ဦးကိုအရေးယူမယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်းကထုတ်ပြန်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အနောက်ဘက်ကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တအား ဩဂုတ်လ ၃ ရက်မနက် ၁၁ နာရီလောက်တွင် အမျိုးသား၂ဦးက ပစ္စတိုဖြင့်ပစ်သတ်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။

ကျောင်းထိုင်ဆရာတော်ကို သေနတ်ဖြင့်ပစ်သတ်သူများဟာ ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၁၅)မှ ရဲဘော်တစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့သဘောဆန္ဒအတိုင်း စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူ တပ်ဖွဲ့ဝင်ရဲဘော်အား အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဘက်ဆိုင်ရာညွှန်ကြားချက်၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ဂန့်ဂေါခရိုင် စစ်ဒေသကွပ်ကဲရေးရုံးသို့ တင်ပြထားကြောင်းနဲ့ ကျူးလွန်သူအရပ်သားအား သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲအပ်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

၎င်းတို့အနေဖြင့် ပြည်သူအပေါ် ဥပဒေမဲ့ပြစ်မှု ကျူးလွန်ခြင်းများကို လုံးဝလက်ခံမည်မဟုတ်ပဲ ကျူးလွန်သူများအားထိုက်တန်တဲ့ ပြစ်ဒဏ်ကျခံနိုင်ရန် အလေးထားဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မှာ AA က ရိုဟင်ဂျာ ရာနဲ့ ချီ သတ်ဖြတ်ခဲ့ကြောင်း HRW ထုတ်ပြန်

မေ ၁၉၊ ၂၀၂၉ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဟိုယာဆီရီကျေးရွာမှာ ၂၀၂၄ ခုနှစ်က အာရကန်တပ်တော် (AA) ဟာ လက်နက်မဲ့ ရိုဟင်ဂျာ အရပ်သား ရာနှင့်ချီကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ...

ဆက်ဖတ်ရန်