ဒါရိုက်တာဇင်ရော်မောင်မောင်တို့သားအဖ ချင်းပြည်နယ်မှာ ရုပ်ရှင်ရိုက်ရန် ရိုက်ကွင်းလေ့လာ

ဒါရိုက်တာဇင်ရော်မောင်မောင်တို့သားအဖ ချင်းပြည်နယ်မှာ ရုပ်ရှင်ရိုက်ရန် ရိုက်ကွင်းလေ့လာ

ချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့တို့တွင် ရုပ်ရှင်ရိုက်ကူးရန်အတွက် ဒါရိုက်တာ ဇင်ရော်မောင်မောင်တို့သားအဖ ရိုက်ကွင်းများလေ့လာနေကြောင်းသတင်းရရှိပါသည်။

ဧပြီလ(၇)ရက်နေ့တွင် ဒါရိုက်တာ ဇင်ရော်မောင်မောင်တို့သားအဖ ဖလမ်းမြို့သို့ရောက်ရှိပြီး ရိုက်ကွင်းများလေ့လာကာ ဧပြီ(၈)ရက်နေ့တွင် ဟားခါးမြို့သို့ခရီးဆက်ကြပါသည်။

၎င်းတို့ရိုက်ကူးမည့်ရုပ်ရှင်မှာ ဒေါက်တာ မိုးမေလွန်ရေးသားထားသည့် တိမ်တွေပေါ်ကပန်း ဝတ္ထုဖြစ်ပါသည်။ ယင်းရုပ်ရှင်ကို ယခုနှစ် ဇွန်လဆန်းတွင်ရိုက်ကူးရန်ရည်ရွယ်ထားပြီး သူရုပ်ဆောင်များမှာ ကျော်ထက်အောင်၊ ဝတ်မှုံရွှေရည်၊ နှင့် ကိုးရီးယားအနုပညာသမားတွေလည်းပါဝင်မည်ဟု သတင်းရရှိပါသည်။

Zalen ad

ဖလမ်းမြို့တွင် ဒါရိုက်တာဇင်ရော်မောင်မောင်တို့ကို လိုက်ပါပို့ဆောင်သည့် ဆရာသွပ်ဆန်က “ချင်းတော်လှန်ရေးခေါင်ဆောင် ဗိုလ်ကြွမ်ဘိတ် အုပ်ချုပ်ခဲ့တဲ့ တာရွှန်းရွာကိုလည်း ဒီနေ့သွားကြတယ်။ သူ(ဒါရိုက်တာ ဇင်ရော်မောင်မောင်)ကတော့ ဇူလိုင်လလောက်မှာရိုက်ချင်ပေမယ့် သူရုပ်ဆောင်တွေအဆင်ပြေတဲ့ ဇွန်လ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်မှာရိုက်ဖြစ်မယ်လို့ပြောတယ်” ဟုဆိုပါသည်။

ဒါရိုက်တာ ဇင်ရော်မောင်မောင်သည် ချင်းပြည်နယ်မှာ ရုပ်ရှင်ဇာတ်ကား (၅)ခုရိုက်ကူးထားပြီး ပထမဆုံး ချင်းပြည်နယ်မှာ ၁၉၉၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ဇာတ်ကားမှာ တုနှိုင်းမမှီ ဇာတ်ကားဖြစ်ပြီး သူရုပ်ဆောင်တွေကတော့ ဒွေး၊ ရန်အောင်၊ ရဲအောင် တို့ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်