ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်ရင်းမှူး၊ ဒုရင်းမှူးများ အပါဝင် (၇၀)ကျော် သေဆုံး

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသောအင်အားရာချီရှိ စစ်ကောင်စီတပ်တို့ ၇၀ ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)-နေပြည်တော် တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီမော့ဆိုမြို့နယ်-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးလာသော အင်အား ၅၀၀ ကျော်ရှိအဆိုပါစစ်တပ်ကို ပြီးခဲ့သည့် သြဂုတ် ၂ ရက်မှစတင်ကာ ဒေသခံပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မဟာမိတ်ပူးပေါင်းတပ်ဘက်ကတော့ ၂ ယောက်ကျဆုံးပြီး ၅ ယောက်ဒဏ်ရာရတယ်။ သူတို့ဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအပါ ၇၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်။ လေကြောင်းပစ်ကူနဲ့လည်း တိုက်ခိုက်တယ်။ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲပါ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)-နေပြည်တော် ခေါင်းဆောင် ဗိုလ်တေဇက သြဂုတ် ၃၀ ရက်၊ ညနေပိုင်းမှာ MPA သတင်းဌာန သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တိုင်းခရိုင်မြို့နယ်များမှ DMO Local PDF တပ်ရင်း(၁)၊ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့နှင့် မဟာမိတ်ပြု ပူးပေါင်း၍ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ဦးဆောင်မှုဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့အ​ပြင် အဆိုပါစစ်ကောင်စီတပ်ထံမှ လက်နက် ခဲယမ်း မီးကျောက်နှင့် အသုံးအဆောင်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)-နေပြည်တော် က ထုတ်ပြန်ထားသည်။

အထိနာသော အဆိုပါစစ်ကြောင်းမှာ ရှေ့ဆက်တိုးလျက်ရှိနေပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပေးမည့်အရိပ်အယောင်များရှိနေသည့်အပြင် လေကြောင်းပစ်ကူအားကိုးဖြင့် ရှေ့ဆက်တိုးလျက်ရှိနေသ​ဖြင့် ယနေ့ သြဂုတ် ၃၀ ရက်မှာလည်း တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဗိုလ်တေဇ က ပြောသည်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်