ဒီရက်ပိုင်း မတူပီ-မင်းတပ် လမ်းဖြင့် ခရီးထွက်ခြင်းများ မပြုကြရန် CDF-Matupi ကသတိပေး

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သားများဟာ မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမအနီးတွင် ဇွန်လ ၆ ရက်ကစပြီး ထိုးစစ်ဆင်တာကြောင့် မင်းတပ်-မတူပီလမ်းကို မိဘပြည်သူများအသုံးမပြုကြဖို့ CDF-Mindat က ထုတ်ပြန်သတိပေးထားပါတယ်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ အင်အား ၁၂၀ ခန့်ရှိစစ်ကြောင်းဟာ ဇွန်လ ၆ ရက်မနက်ပိုင်းတွင် မင်းတပ်-မတူပီလမ်းမကြီး အောက်ဘက်ရှိ ရမ်တိန်းကျေးရွာဟောင်း အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာရွာတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြတယ်။

အဲ့ဒီနေ့ မနက် (၉) နာရီခန့်တွင် Chinland Defense Force-Matupi ဖက်မှ စစ်ကောင်စီတပ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဖက်မှ ကျေးရွာ အထက် (၂) မိုင်အကွာသို့ စစ်ကြောင်းဆုတ်ခွာစခန်းချခဲ့ကြ တယ်။

နောက်ဆုံးရသတင်းများ

ဇွန်လကစပြီး အယ်နီညို‌ကြောင့် အပူချိန်မြင့်ပြီး ရေရှားပါးမှုတွေ ကြုံရနိုင်

မေ ၂၂၊ ၂၀၂၆ Zalen အယ်နီညို (El Niño) ဟာ လာမယ့် ဇွန်လမှာ စတင်ကူးပြောင်းမှာဖြစ်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်တက်တာနဲ့ ရေရှားပါးမှုလို ပြဿနာမျိုးတွေ ကြုံလာရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးလိုက်ပါတယ်။ မိုးလေဝသနဲ့ ...

ဆက်ဖတ်ရန်