ဒုက္ခသည်ဘဝမှ ကမ္ဘာ့ဒုတိယအကောင်းဆုံး တက္ကသိုလ်သို့တက်ရောက်နိုင်တဲ့ ချင်းလူငယ်

ကမ္ဘာမှာ ဒုတိယအကောင်းဆုံး တက္ကသိုလ်ဖြစ်တဲ့ Stanford တက္ကသိုလ်မှာ ဒုက္ခသည်ဘဝနဲ့ အမေရိကန်ကိုရောက်ရှိလာတဲ့ ချင်းလူငယ် မိုင်ဗျက်ထာလှောန် (Mai Biak Tha Hlawn) တက်ရောက်ခွင့်ရပါပြီ။

ဝမ်းမြောက်ဖွယ်ရာဒီသတင်းကို ဖေဖော်ဝါရီလ (၁၂)ရက်က ဒီသတင်းကိုကြားရတာဖြစ်ပြီး တစ်မိသားစုလုံးဝမ်းသာပျော်မြူးနေတဲ့ ဗီဒီယိုဖိုင်လည်း ၎င်းလူမှုကွန်ယက်စာမျက်နှာတွင်တင်ထားပါတယ်။

မိုင်ဗျက်ထာလှောန်ဟာ ချင်းပြည်နယ် ထန်တလန်မြို့ဇာတိဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ရောက်ရှိပြီး ၂၀၁၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်၊ မီလ်ဝါကီမြို့မှာ အခြေချနေထိုင်ကြတယ်။

Zalen ad

အခုလို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့်ရတာနဲ့ပတ်သက်ပြီး ၎င်းက “အရမ်းပဲစိတ်လှုပ်ရှားတယ်။ ဒါပေမယ့် ကျမမွေးရပ်မြေနိုင်ငံမှာ စိတ်မကောင်းစရာတွေဖြစ်နေတယ်။ ကျမမွေးရပ်မြေနိုင်ငံမှာ သေကြေနေတဲ့ချိန်ကျမ ဝမ်းသာနေတာဟာ အပြစ်ရှိတယ်လို့ခံစားမိတယ်” လို့ပြောပါတယ်။

အမေရိကန်ကို စရောက်တဲ့ချိန်မှာ အင်္ဂလိပ်စကား မတတ်ပေမယ့် အပတ်တကုတ်ကြိုးစားတာကြောင့် ဒုတိယတန်းကစပြီး အတန်းထဲမှာ ထူးချွန်တဲ့ ကျောင်းသူဖြစ်လာပါတယ်။

၎င်းဖြစ်ချင်တဲ့ဆန္ဒကတော့ အဖိနှိပ်ခံပြည်သူတွေ၊ ရှောင်ဖယ်ခံရတဲ့ပြည်သူတွေအတွက် အသံဖြစ်ချင်တယ်လို့ TMJ4.COM မှာပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုအပေါ် အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

မေ ၂၇၊၂၀၂၆Zalen အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံတဝန်းလုံးမှာ လူငယ်တွေအပေါ် အဓမ္မစစ်သားစုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ကျင့်သုံးခဲ့ရာကနေ ...

ဆက်ဖတ်ရန်