နယ်စပ်လမ်းကောင်းနေတဲ့ပွင့်လင်းရာသီမှာ မီဇိုရမ်ဘက်က ကုန်စည်တင်ပို့မှုကို ရက်အကန့်အသတ်မရှိပိတ်ပင်

 

မြန်မာဘက်ခြမ်းမှာ သောင်တင်နေတဲ့ ကွမ်းသီးတင်ကားများ(ဓာတ်ပုံ-ညိုချော)
အိန္ဒိယ ဇိုခေါ်ထာရ်ဘက်မှာ သောင်တင်နေတဲ့ မြန်မာ ကွမ်းသီးအိတ်များမြင်တွေရစဉ်(ဓာတ်ပုံ-ညိုချော)

နယ်စပ်လမ်းကောင်းနေတဲ့ပွင့်လင်းရာသီမှာ မီဇိုရမ်ဘက်က ကုန်စည်တင်ပို့မှုကို ရက်အကန့်အသတ်မရှိပိတ်ပင်

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေအဓိကအားထားရတဲ့ ပွင့်လင်းရာသီမှာ မြန်မာ-အိန္ဒိယနယ်စပ်ကုန်စည်တင်ပို့မှုကို မီဇိုရမ်ဘက်ကက မတ်လ(၂၇)ရက်ကနေ ရက်အကန့်အသတ်မရှိ စတင်ပိတ်ပင်လိုက်သည်ဟု သတင်းရရှိပါတယ်။

ယင်းကဲ့သို့ ပိတ်ပင်ရခြင်းမှာ အိန္ဒိယနှစ်နိုင်ငံနယ်စပ် ဇိုခေါထာရ် ကျေးရွာ ကုန်စည်ပို့ဆောင်ရေးအသင်းမှ ကျန်ဖိုင်းခရိုင် ကုန်စည်ပို့ဆောင်ရေအသင်း (CTU)နှင့် ညှိနှိုင်းမှုမရှိပဲ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ကုန်ပစ္စည်းများတင်ဆောင်တဲ့ မော်တော်ယာဉ်တွေကို အလှည့်ကျစနစ်ဖြင့် စီစဉ်ခြင်း၊ ဇိုခေါထာရ်ကျေးရွာမှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကုန်တင်ယာဉ်များအား ယာဉ်ကြီး၊ ယာဉ်ငယ်အလိုက် ရန်ပုံငွေကောက်ခံခြင်းတို့ကို All Vehicles Association က ကျေနပ်မှုမရှိခြင်းကြောင့် ပိတ်ပင်ရခြင်းဖြစ်တယ်လို့ ရိခေါ်ဒါရ် ပြန်/ဆက်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာဘက်ကကုန်စည်များသည် ကျန်ဖိုင်းခရိုင်ဖြတ်ကျော်ပြီးမှ မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောလ်မြို့နဲ့ အခြားဒေသကို သွားကြတာဖြစ်၍ ယခုလို ပိတ်ပင်ခြင်းကြောင့် မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့မှ ကုန်သည်များအခက်အခဲနှင့်ကြုံတွေ့နေပါတယ်။

ရိခေါ်ဒါရ် ကွမ်းသီးကုန်သည်အသင်းဥက္ကဌ ဦးပါမန်က “တံတားပေါ်ကနေ တွန်းလှည်းနဲ့တောင်သွားခွင့်မပြုဘူး။ အိန္ဒိယဘက်ခြမ်းမှာရောက်နေတဲ့ ပစ္စည်းတွေလည်း ဘယ်မှသယ်လို့မရဘူး။ အဓိကနစ်နာတာက စားကုန်ပစ္စည်းတင်ပို့နေတဲ့သူတွေပဲ။ ခုချိန်မှာ ဖရဲသီးတွေလည်း ပုံနေတယ်။ ကြာလာရင်တော့ ပျက်စီးသွားမယ်လေ။ တခြားကြာရှည်ခံကုန်ပစ္စည်းတွေတော့ ရိခေါ်ဒါရ် တီအိုးချောင်းဘက်ဂိုဒေါင်မှာစုထားကြတယ်” လို့ပြောပါတယ်။

အိန္ဒိယနယ်စပ်သို့ကုန်ပစ္စည်းများတင်ပို့တဲ့ ကလေးမြို့မှယာဉ်ပိုင်ရှင်တစ်ဦးက “ချင်းတောင် နယ်စပ်ကားလမ်းက အားလုံးသိတဲ့တိုင်းပဲ မိုးရာသီမှာ သွားလို့မရတော့ အခုလိုမျိုးပွင့်လင်းရာသီလမ်းကောင်းတဲ့ချိန်မှာပဲ အခေါက်ရေများနိုင်သလောက်တင်ပို့နေကြတယ်လေ။ ဒါပေမယ့် အခုလိုမျိုးလမ်းကောင်းတဲ့ချိန်မှာ နယ်စပ်ဂိတ်ပိတ်သွားတော့ ကျနော်တို့ခါတိုင်းသွားနေကြအခေါက်ရေထွက်လျော့ပြီးတော့ သွားရတာပေါ့” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်