နယ်မြေအေးချမ်းပြီလို့ဆိုကာ ပလက်ဝမြို့ပေါ် စစ်ဘေးရှောင် တချို့ နေရပ်ပြန်ပို့မယ်လို့ စစ်ကောင်စီပြော

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြို့ပေါ်စစ်ဘေးရှောင် တစ်ချို့ကို စက်တင်ဘာလကုန်တွင် နေရပ်ပြန်ပို့မယ်လို့ စစ်ကောင်စီအရာရှိတွေက စစ်ဘေးရှောင်တွေကို ပြောတယ်လို့ဆိုပါတယ်။

ပလက်ဝ စစ်‌ကောင်စီ အရာရှိက စက်တင်ဘာ ၈ ရက်နေ့တွင် စစ်ဘေးရှောင်တွေကို ဒီလကုန် ရွာပြန်ဖို့ ကြိုတင်ပြင်ဆင်ကြရန်ပြောတယ်လို့ စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။

နေရပ်ပြန်ပို့မယ့် စစ်ဘေးရှောင်များဟာ လယ်လှရွာ၊ သူဌေးကုန်းရွာ၊ နန်းချောင်းဝရွာ၊ စိမ်းညှင်းဝရွာ၊သရက်တောင်ရွာနဲ့ သကာချောင်းရွာတို့ သိရပါတယ်။ အဆိုပါကျေးရွာတွေဟာ ၂၀၂၀ ခုနှစ်တွင် ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲကြောင့် မြို့ပေါ်တွင် စစ်ဘေးရှောင်လာကြသူများ ဖြစ်ပါတယ်။

“ရွာပြန်တော့လည်း အိမ်က အသစ်ပြန်ဆောက်ရမှာ။ ကျွန်တော်တို့ အရင်နှစ်တွေ ရွာအခြေနေ ကြည့်ဖို့ဆိုပြီး စစ်တပ်က အလှည့်ကျ ရွာကို လွှတ်ပါတယ်။ အဲ့ကတည်းက ကျွန်တော်တို့ ရွာက အိမ်ကောင်းတဲ့ အိမ်တွေဆို တိုင်၊ ပျဉ်တွေက အကုန်ခွာသွားကြတယ်။ အဝတ်တထည်၊ ကိုယ်တစ်ခုနဲ့ ပြေးလာတာဆိုတော့ ဘာမှပါမလာဘူး။ တန်ဖိုးရှိ ပစ္စည်းတွေ ထားခဲ့ရတယ်။ သေတ္တာတွေလည်း ရိုက်ခွဲပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ယူသွားကြတယ်။ အဲ့တုန်းက ရွာမှာ စစ်သားတွေ အများကြီး စခန်းချပြီး နေတယ်”လို့ သူဌေးကုန်းရွာသား တစ်ဦးက ‌ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်း‌တွေက လယ်လှရွာတွင် ရန်ကုန်အခြေစိုက် ရဲမွန်တပ်က စစ်ကောင်စီတပ်ရင်းတွေ တပ်စခန်း (၂) ခု အခြေချပြီး ၎င်းကျေးရွာအနီးရှိ သူဌေးကုန်း၊ နန်းချောင်းဝ၊ စိတ်ညှင်းဝ၊ သာကာချောင်း စတဲ့ ကျေးရွာ‌‌တွေက လူနေအိမ်များကိုဖြိုကာ သစ်၊ ပျဉ်၊ ကျွဲ၊ နွားတွေကို အရင်နှစ်တွင် ရခိုင်မှာ ရောင်းချတယ်လို ဒေသခံတွေက ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်