နိုင်ငံတကာရောက် မင်းတပ်အဖွဲ့အစည်းများမှ မင်းတပ်သို့ပေးပို့သည့် အလှူငွေရူပီး ၉၆ သိန်းကျော်လိမ်လည်ခံရ

စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေကြရသော မင်းတပ်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့်၊ဆေးဝါးများ ဝယ်ယူလှူဒါန်းရန် နိုင်ငံတကာရောက် မင်းတပ်အဖွဲ့အစည်းများမှ ပေးပို့ခဲ့သော လှူဒါန်းငွေ အိန္ဒိယရူပီး ၉၆.၅ သိန်း မြန်မာငွေ သိန်း (၂၀၀၀) ကျော်လိမ်လည်ခံရကြောင်းသိရသည်။

အဆိုပါငွေများကိုအိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရောက် NLD လွှတ်တော်အမတ်ဟောင်းတစ်ဦး၏ ထောက်ခံချက်အရ မြန်မာနွယ်ဖွား အိုင်ဇောလ်မြို့ခံ တစ်ဦး၏ ဘဏ်အကောင့်များသို့ ပေးပို့ခဲ့ကြကြောင်းသိရသည်။

အဆိုပါမြန်မာနွယ်ဖွား၊ အိုင်ဇောလ်မြို့ခံ၏အမည်မှာ မာန်လျန်နာ (Mangliana) (ခ) အဲမ်းမာ (Emma) ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာမှ ပေးပို့သောငွေအိန္ဒိယ ရူပီး ၉၆.၅ သိန်းထုတ်ယူပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

နိုင်ငံတကာရောက်မင်းတပ်အဖွဲ့အစည်းများမှပေးပို့ ခဲ့သော အဆိုပါ ငွေကြေးအားလုံးကိုဘဏ်အကောင့် ၃ ခုဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အတွင်းလွှဲပြောင်း ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်း နောက်ဆုံးနေထိုင်သွားခဲ့သော လိပ်စာမှာ Aizawl မြို့၊ Zarkawt A 31 ဖြစ်ကြောင်းသိရသည်။ မာန်လျန်နာ (Mangliana) ခေါ် အဲမ်းမာ (Emma) ၏ ဖခင်မှာ ထန်တလန်မြို့နယ်၊ Dawn ကျေးရွာဇာတိ၊ Pu Roland ဖြစ်ပြီးမိခင် ဖြစ်သူမှာဖလမ်းမြို့နယ်ဇာတိ၊ အမည် (စုံစမ်းဆဲ) ဖြစ်ကြောင်းသိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူ မာန်လျန်နာ (Mangliana) (ခ) အဲမ်းမာ (Emma) သည်မွေးချင်း ၉ ဦး(ခန့်)အနက် အကြီးဆုံးသားဖြစ်ကြောင်းသိရသည်။ ၎င်း၏ဇနီးအမည်မှာ Lalinmawii (လာလ်အင်းမွဲအီး) ဖြစ်ပြီး ၃ နှစ်အရွယ် သမီးငယ်တစ်ဦးရှိကြောင်းသိရသည်။ ထိုသူသည် ယခင်က အိန္ဒိယ-မြန်မာ နယ်စပ်တွင် ကူးလူး၍ ကွမ်းသီး ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ငွေကြေး ပြဿနာနှင့်ပတ်သက်၍ နိုင်ငံတကာရောက် မင်းတပ် ချိုး အဖွဲ့အစည်း တစ်ခု ဖြစ်သည့် IMCO – International Mindat K’Cho Organization ၏ တာဝန်ရှိသူ တစ်ဦးက ” မြေပြင်မှာဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်တွေအတွက်ဆေးဝါးနဲ့စားနပ်ရိက္ခာမထောက်ပံ့နိုင်လို့သက်ကြီးရွယ်အိုတွေနဲ့ကလေးသူငယ်တွေအတိဒုက္ခရောက်နေကြတယ်။ IMCO အနေနဲ့ ငွေကိုအဲမာရဲ့ အမျိုးများထံကနေချိုးချင်းဓလေ့ထုံးတမ်းဥပဒေအရပြန်လည်ရရှိသည်အထိကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။

၂၀၂၁ ၊ စက်တင်ဘာ လ တွင်လည်း နိုင်ငံတကာ ရောက်မင်းတပ် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် CEA ကပေးပို့ခဲ့သော ထိုင်းဘတ်ငွေ ၈ သိန်းကျော်သည်လည်း လိမ်လည်ခံခဲ့ရဖူးပေမယ့် ပြန်လည်ရရှိခဲ့ပါသည်။

Zawgyi

ႏိုင္ငံတကာေရာက္ မင္းတပ္အဖြဲ႕အစည္းမ်ားမွ မင္းတပ္သို႔ေပးပို႔သည့္ အလႉေငြ႐ူပီး ၉၆ သိန္းေက်ာ္လိမ္လည္ခံရ

စစ္ေကာင္စီ၏ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ား ေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပး ေနၾကရေသာ မင္းတပ္ၿမိဳ႕နယ္ အတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ား အတြက္ စားနပ္ရိကၡာႏွင့္၊ေဆးဝါးမ်ား ဝယ္ယူလႉဒါန္းရန္ ႏိုင္ငံတကာေရာက္ မင္းတပ္အဖြဲ႕အစည္းမ်ားမွ ေပးပို႔ခဲ့ေသာ လႉဒါန္းေငြ အိႏၵိယ႐ူပီး ၉၆.၅ သိန္း ျမန္မာေငြ သိန္း (၂၀၀၀) ေက်ာ္လိမ္လည္ခံရေၾကာင္းသိရသည္။

အဆိုပါေငြမ်ားကိုအိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ေရာက္ NLD လႊတ္ေတာ္အမတ္ေဟာင္းတစ္ဦး၏ ေထာက္ခံခ်က္အရ ျမန္မာႏြယ္ဖြား အိုင္ေဇာလ္ၿမိဳ႕ခံ တစ္ဦး၏ ဘဏ္အေကာင့္မ်ားသို႔ ေပးပို႔ခဲ့ၾကေၾကာင္းသိရသည္။

အဆိုပါျမန္မာႏြယ္ဖြား၊ အိုင္ေဇာလ္ၿမိဳ႕ခံ၏အမည္မွာ မာန္လ်န္နာ (Mangliana) (ခ) အဲမ္းမာ (Emma) ျဖစ္ေၾကာင္းသိရသည္။

ႏိုင္ငံတကာမွ ေပးပို႔ေသာေငြအိႏၵိယ ႐ူပီး ၉၆.၅ သိန္းထုတ္ယူၿပီး ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္းသိရသည္။

ႏိုင္ငံတကာေရာက္မင္းတပ္အဖြဲ႕အစည္းမ်ားမွေပးပို႔ ခဲ့ေသာ အဆိုပါ ေငြေၾကးအားလုံးကိုဘဏ္အေကာင့္ ၃ ခုျဖင့္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ အတြင္းလႊဲေျပာင္း ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

၎ ေနာက္ဆုံးေနထိုင္သြားခဲ့ေသာ လိပ္စာမွာ Aizawl ၿမိဳ႕၊ Zarkawt A 31 ျဖစ္ေၾကာင္းသိရသည္။ မာန္လ်န္နာ (Mangliana) ေခၚ အဲမ္းမာ (Emma) ၏ ဖခင္မွာ ထန္တလန္ၿမိဳ႕နယ္၊ Dawn ေက်း႐ြာဇာတိ၊ Pu Roland ျဖစ္ၿပီးမိခင္ ျဖစ္သူမွာဖလမ္းၿမိဳ႕နယ္ဇာတိ၊ အမည္ (စုံစမ္းဆဲ) ျဖစ္ေၾကာင္းသိရသည္။

ထြက္ေျပးတိမ္းေရွာင္ေနသူ မာန္လ်န္နာ (Mangliana) (ခ) အဲမ္းမာ (Emma) သည္ေမြးခ်င္း ၉ ဦး(ခန႔္)အနက္ အႀကီးဆုံးသားျဖစ္ေၾကာင္းသိရသည္။ ၎၏ဇနီးအမည္မွာ Lalinmawii (လာလ္အင္းမြဲအီး) ျဖစ္ၿပီး ၃ ႏွစ္အ႐ြယ္ သမီးငယ္တစ္ဦးရွိေၾကာင္းသိရသည္။ ထိုသူသည္ ယခင္က အိႏၵိယ-ျမန္မာ နယ္စပ္တြင္ ကူးလူး၍ ကြမ္းသီး ေရာင္းဝယ္ေရး လုပ္ငန္းလုပ္ကိုင္ခဲ့ ေၾကာင္းသိရသည္။

အဆိုပါ ေငြေၾကး ျပႆနာႏွင့္ပတ္သက္၍ ႏိုင္ငံတကာေရာက္ မင္းတပ္ ခ်ိဳး အဖြဲ႕အစည္း တစ္ခု ျဖစ္သည့္ IMCO – International Mindat K’Cho Organization ၏ တာဝန္ရွိသူ တစ္ဦးက ” ေျမျပင္မွာဒုကၡေရာက္ေနတဲ့စစ္ေဘးေရွာင္ေတြအတြက္ေဆးဝါးနဲ႔စားနပ္ရိကၡာမေထာက္ပံ့ႏိုင္လို႔သက္ႀကီး႐ြယ္အိုေတြနဲ႔ကေလးသူငယ္ေတြအတိဒုကၡေရာက္ေနၾကတယ္။ IMCO အေနနဲ႔ ေငြကိုအဲမာရဲ႕ အမ်ိဳးမ်ားထံကေနခ်ိဳးခ်င္းဓေလ့ထုံးတမ္းဥပေဒအရျပန္လည္ရရွိသည္အထိႀကိဳးပမ္းေဆာင္႐ြက္ သြားမွာ ျဖစ္ပါတယ္” ဟုဆိုသည္။

၂၀၂၁ ၊ စက္တင္ဘာ လ တြင္လည္း ႏိုင္ငံတကာ ေရာက္မင္းတပ္ အဖြဲ႕အစည္း တစ္ခု ျဖစ္သည့္ CEA ကေပးပို႔ခဲ့ေသာ ထိုင္းဘတ္ေငြ ၈ သိန္းေက်ာ္သည္လည္း လိမ္လည္ခံခဲ့ရဖူးေပမယ့္ ျပန္လည္ရရွိခဲ့ပါသည္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်