နောင်အခါ ပြည်တော်သာကျေးရွာအတွင်းတိုက်ပွဲမဖန်တီးဖို့ ပြည်တော်သာရွာသင်းအုပ်ဆရာများမိတ်သဟာယအဖွဲ့ကတောင်းဆို

ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာက အသင်းတော်များအမှုတော်ဆောင်မိတ်သဟာယအဖွဲ့က နောင်အခါကျေးရွာအတွင်း တိုက်ပွဲမဖန်တီးကြဖို့တောင်းဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ပြည်တော်သာကျေးရွာ အသင်းတော်များအမှုတော်ဆောင်မိတ်သဟာယအဖွဲ့ (Pyidawtha Churches Ministers Fellowship) က သိက္ခာတော်ရဆရာတော် ၁၄ ပါးတို့က ဧပြီ ၁၅ ရက်အစည်းအဝေးတွင် အခုလိုဆုံးဖြတ်တာလို့ ဧပြီ ၁၆ ရက်ကထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၃ ရက်က ပြည်တော်သာကျေးရွာအတွင်းနဲ့အနီးဝန်းကျင်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားတာကြောင့် ပြည်တော်သာရွာသူတစ်ဦး သေဆုံးပြီး ၎င်းအမျိုးသားဒဏ်ရာရရှိခဲ့တယ်လို့သိရတယ်။

ယင်းအစည်းအဝေး ဆုံးဖြတ်ချက် ၉ ချက်ထဲမှာ အဓိကအချက်ကတော့ ပြည်တော်သာကျေးရွာ မိန်းလမ်းမပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ် လမ်းပိတ်တားဆီးတာမလုပ်ဖို့၊ နောင်အခါ ပြည်တော်သာရွာကို စစ်မြေပြင်အဖြစ် အသုံးပြုပြီး တိုက်ခိုက်ခြင်း၊ စစ်ရေးအရနေရာယူခြင်းမလုပ်ကြဖို့ လေးစားစွာတောင်းဆိုအပ်ပါတယ်လို့ဖော်ပြထားပါတယ်။

ပြည်တော်သာတိုက်ပွဲတွင် PDF Kalay တပ်ဖွဲ့က ၄ ဦးကျဆုံးသွားပြီး ၆ ဦးဒဏ်ရာရရှိကြတယ်လို့လည်းသိရတယ်။

Zawgyi

ေနာင္အခါ ျပည္ေတာ္သာေက်းရြာအတြင္းတုိက္ပြဲမဖန္တီးဖို႔ ျပည္ေတာ္သာရြာသင္းအုပ္ဆရာမ်ားမိတ္သဟာယအဖြဲ႔ကေတာင္းဆို

ကေလးၿမိဳ႕နယ္၊ ျပည္ေတာ္သာေက်းရြာက အသင္းေတာ္မ်ားအမႈေတာ္ေဆာင္မိတ္သဟာယအဖြဲ႔က ေနာင္အခါေက်းရြာအတြင္း တိုက္ပြဲမဖန္တီးၾကဖို႔ေတာင္းဆိုေၾကာင္း ထုတ္ျပန္လုိက္ပါတယ္။

ျပည္ေတာ္သာေက်းရြာ အသင္းေတာ္မ်ားအမႈေတာ္ေဆာင္မိတ္သဟာယအဖြဲ႔ (Pyidawtha Churches Ministers Fellowship) က သိကၡာေတာ္ရဆရာေတာ္ ၁၄ ပါးတို႔က ဧၿပီ ၁၅ ရက္အစည္းအေဝးတြင္ အခုလိုဆံုးျဖတ္တာလို႔ ဧၿပီ ၁၆ ရက္ကထုတ္ျပန္ထားပါတယ္။

ဧၿပီ ၁၃ ရက္က ျပည္ေတာ္သာေက်းရြာအတြင္းနဲ႔အနီးဝန္းက်င္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ေတြတုိက္ပြဲျဖစ္ပြားတာေၾကာင့္ ျပည္ေတာ္သာရြာသူတစ္ဦး ေသဆံုးၿပီး ၄င္းအမ်ဳိးသားဒဏ္ရာရရွိခဲ့တယ္လုိ႔သိရတယ္။

ယင္းအစည္းအေဝး ဆံုးျဖတ္ခ်က္ ၉ ခ်က္ထဲမွာ အဓိကအခ်က္ကေတာ့ ျပည္ေတာ္သာေက်းရြာ မိန္းလမ္းမေပၚမွာ ဘယ္သူပဲျဖစ္ျဖစ္ လမ္းပိတ္တားဆီးတာမလုပ္ဖို႔၊ ေနာင္အခါ ျပည္ေတာ္သာရြာကို စစ္ေျမျပင္အျဖစ္ အသံုးျပဳၿပီး တုိက္ခုိက္ျခင္း၊ စစ္ေရးအရေနရာယူျခင္းမလုပ္ၾကဖို႔ ေလးစားစြာေတာင္းဆိုအပ္ပါတယ္လို႔ေဖာ္ျပထားပါတယ္။

ျပည္ေတာ္သာတိုက္ပြဲတြင္ PDF Kalay တပ္ဖြဲ႔က ၄ ဦးက်ဆံုးသြားၿပီး ၆ ဦးဒဏ္ရာရရွိၾကတယ္လုိ႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မြို့နယ်မှာ မြိုအမျိုးသားနှစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ

၁၇၊ မလေ၊ ၂၀၂၄ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာအမျိုးသား တစ်ဦးဆီ အပ်နှံထားတဲ့ နွားတွေကို သွားကြည့်တဲ့ မြိုအမျိုးသား နှစ်ဦး တစ်ပတ်ကျော်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်