နေ့ခင်းကြောင်တောင် တစ်နေ့တည်းရွှေကြိုးနှစ်ကြိမ်ဖြတ်ပြေးသူ နှစ်ဦး ဖမ်းမိ၊ တစ်ဦးလွတ်မြောက်နေဆဲ

၂၀၁၉၊ အောက်တိုဘာ (၁၂)
ကလေးမြို့တွင် တစ်နေ့တည်းတွင် ရွှေကြိုးနှစ်ကြိမ်ဖြတ်ယူသွားတဲ့ လူနှစ်ဦးကို အောက်တိုဘာ (၁၀)ရက်နေ့ညနေ (၅)နာရီကျော်ခန့်တွင် ရပ်ကွက်နေပြည်သူများကဖမ်းမိကြတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် ဘောဂလမ်းမှာ အောက်တိုဘာ (၁၀)ရက် ညနေပိုင်းတွင် လမ်းပေါ်သွားနေတဲ့အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးဖြတ်ပြေးလို့ဖမ်းမိခဲ့တာပါ။

ကလေးမြို့ မြို့မရဲစခန်းတွင် တာဝန်ကျတဲ့ ဒုရဲအုပ်တစ်ဦးက “ဆွဲကြိုးဖြတ်ပြေးလို့ ဖမ်းမိတဲ့ပုံကို လိုင်းပေါ်တင်ထားတာ တစ်ယောက်ကတွေ့လို့ သူ့ကိုတော့ မဖမ်းမိခဲ့ပါဘူး။ ဖမ်းမိတဲ့ နှစ်ယောက်စလုံးက ကလေးမြို့ကပါ။ ကလေးမြို့မှာ အခုလို ခိုးမှုတွေများလာတာက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတယ်လို့ပြောလို့ရပါတယ်” လို့ပြောပါတယ်။

ကလေးမြို့ ရဲတပ်ဖွဲ့တွေ လုယက်မှုကြောင့်လိုက်လံရှာဖွေနေတဲ့ မောင်မောင်အောင် (Photo: Hnin Maung facebook)

ထွက်ပြေးလွတ်မြောက်နေသူမှာ ကလေးမြို့နယ် အင်ဒိုင်းလေးကျေးရွာနေ မောင်မောင်အောင်ဆိုသူဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက လုယက်မှုနဲ့ ထောင်ကျဖူးသူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင်ပြန်လည်လွတ်မြောက်လာသူလို့သိရပါတယ်။

ကလေးမြို့မှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့မှ ဗိုလ်လေး Hnin Maung အကောင့်က “ကလေးမြို့နေ ပြည်သူများ ခင်ဗျာ။ ပုံပါ အမျိုးသားမှာ ကလေးမြို့၌ လုယက်မှုဖြင့် အလိုရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်ပါသည်။ တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားနိုင်ပါရန်” လို့မောင်မောင်အောင်ရဲ့ ဓာတ်ပုံနဲ့တကွ အောက်တိုဘာ (၁၀)ရက်က တင်ထားပါတယ်။


အောင်မင်္ဂလာရပ်ကွက်မှာ ဆွဲကြိုးဖြတ်ပြေးစဉ် ဖမ်းမိထားတဲ့သူတစ်ယောက်

လုယက်မှုနဲ့ ဖမ်းဆီးထားသူနှစ်ယောက်က ယင်းနေ့မှာပဲ ကလေးမြို့ တောင်ဖီလာရပ်ကွက် အိုးအိမ်ဝန်ထမ်းအိမ်ရာအလွန် ခြံဝန်းထောင့်တွင် မြက်ပင်နှုတ်နေသူ အမျိုးသမီးတစ်ဦးဆွဲထားတဲ့ ရွှေဆွဲကြိုးဖြတ်ယူထွက်ပြေးသွားတယ်လို့ ထွက်ဆိုထားကြပါတယ်။

စက်တင်ဘာ (၁၅)ရက်တွင် လုယက်မှု (၆)ကြိမ်ကျူးလွန်တဲ့ လူငယ် (၆)ဦးကို ကလေးမြို့ရဲတပ်ဖွဲ့များကဖမ်းဆီးခဲ့ပေမယ့် ကလေးမြို့တွင် ခိုးမှု၊ လုယက်မှုတွေဆက်လက်ရှိနေဆဲပါ။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်