နွားထိုးကြီး-မြင်းခြံလမ်းပိုင်းတွင် ပစ်ခတ်ရာ စစ်ကောင်စီ ၃ ဦးသေဆုံး

အိုက်ခူမီး/၂၂၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

မန္တလေးတိုင်း နွားထိုးကြီး-မြင်းခြံလမ်းပိုင်း စစ်ဆေးရေးပြုလုပ်နေတဲ့ ​PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်မူဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင် မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနဲ့အတူ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ၎င်းလမ်းပိုင်းရှိ မော်တော်ယာဥ်တွေကို စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးနေစဥ် စစ်ကောင်စီဘက်က စစ်ကြောင်း ၂ ကြောင်းနဲ့ လာရောက် ပစ်ခတ်ခဲ့တာလို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ရှိသူတစ်ဦက Zalen ကို ပြောပါတယ်။

” ကျွန်တော်တို့ နွားထိုးကြီး-မြင်းခြံလမ်းပိုင်း သာယာကုန်းကျေးရွာမှာ ၄၅ မိနစ်ကြာ စစ်ဆေးရေးဆောင်ရွက်ပြီးမှ နွားထိုးကြီးမြို့နဲ့ မြင်းခြံမြို့ဘက်က စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းနဲ့ တိုးပြီး အပြန်အလှန် ပစ်ခတ်မူဖြစ်တာပါ၊ ပစ်ခတ်မူ မိနစ် ၂ဝ ကြာပါတယ်”ဟု ဆိုပါတယ်။

တိုက်ပွဲတွင်း PDF တပ်ဖွဲ့ရဲ့ စနှိုက်ပါဖြင့် ပစ်ခတ်မူကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်။ ဒါ့အပြင် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီး ၁ လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦး ထပ်မံ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်မှ တပ်ဖွဲဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကို Natogyi People Defence မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းနဲ့အတူ၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၃)တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ၊ Myingyan District Drone Strike ၊ ဗိုလ်စား‌‌ေပြာက်ကြားတပ်ဖွဲ့၊ Myingyan Black Tiger တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်