နွေဦး‌တော်လှန်ရေးကာလအတွင်း ကျဆုံးသူ(၃၇၃၆) ဦးရှိပြီး၊ မတရားဖမ်းဆီးခံရသူ (၂၃၆၅၁) ဦးထိရှိကြောင်း AAPP ထုတ်ပြန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီက မတရားစစ်အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အရပ်သားပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ (၃၇၃၆) ဦး ရှိခဲ့ပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇွန်လ ၃၀ ရက် ဒီကနေ့ ထုတ်ပြန်ထားသည်။

ထို့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၆၅၁) ဦးရှိပြီး ၎င်းအထဲမှ (၁၉၂၉၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၆၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရဟု ဆိုသည်။

မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်ထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိသည်။ သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထို့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၇) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၅၆) ဦးရှိပြီဟုလည်း ၎င်းက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတဝန်း ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ အပါအဝင် ဝန်ထမ်း အမျိုးသား (၂၂၁) ဦးနှင့် အမျိုးသမီး (၂၄၉) ဦး စုစုပေါင်း (၄၇၀) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့သည်။

Zalen ad

ထို (၄၇၀) ဦးအနက် မန္တလေးတိုင်းမှာ (၁၀၈) ဦးဖြင့် အများဆုံး ဖမ်းဆီးခံရပြီး မတရားသော ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၁၈) ဦး ပါဝင်သည်ဟု AAPP ထုတ်ပြန်ချက်အရ သိရှိရသည်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်