နှစ်ပတ်ခန့် လျှပ်စစ်မီးမလာသည့် ဟားခါးမြို့မှာ အခက်ခဲပိုများလာ

နှစ်ပတ်ခန့် လျှပ်စစ်မီး ပျက်တောက်သွားသော ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အင်တာနက်ဝိုင်ဖိုင်များ ပုံမှန်ဝန်ဆောင်မှု မပေးနိုင်တော့သည့်အပြင် မိုဘိုင်းဖုန်းအသုံးပြုနိုင်ရေးနှင့် နေ့စဉ်ချက်ပြုတ်ရေးအပိုင်းမှာ ပိုမိုခတ်ခဲလာတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

“လျှပ်စစ်မီးပျက်‌သွားတော့ သုံးနေကျ ဝိုင်ဖိုင်တွေလည်းပျက်ကုန်တယ်။ ဖုန်းအားသွင်းဖို့အတွက် တော်တော်ခက်ခဲလာတယ်။ မီးစက်ရှိတဲ့အိမ်တွေမှာ သွားသွင်းရတယ်။ ဒါပေမယ့် အခု ဆီဈေးလည်းကြီးတော့ သူများအိမ်မှာ ပုံမှန်ဖုန်းအားသွားသွင်းဖို့လည်း မဖြစ်နိုင်ဘူး။ ဝိုင်ဖိုင်မရတော့ ဈေးအဆမတန်ကြီးလာတဲ့ ဖုန်းဒေတာတွေကို ချွေတာသုံးရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

312804276_680927219905004_7510448421604087258_n

နေ့စဉ် ချက်ပြုတ်ရေးအတွက် မီးသွေးကို ဈေးတစ်ဆပေး ဝယ်ရပြီး ညမီးထွန်ဖို့ ဖယောင်းတိုင်တွေလည်း ဈေးမြင့်တက်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Zalen ad

“မီးပုံမှန်ရတုန်းက မီးသွေးတစ်အိတ်ကို တစ်သောင်းလောက်နဲ့ဝယ်ရတယ်။ အခုတော့ တစ်အိတ်ကို နှစ်သောင်းနဲ့တောင်ပုံမှန် ဝယ်စရာသိပ်မရှိတော့ဘူး။ အရင်ဖယောင်းတိုင် တစ်ထုတ်ကို တစ်ထောင်လောက်နဲ့ဝယ်ရတာ အခုတော့ ၁၅၀၀ အထိဈေးတက်သွားပြီ” လို့ပြောပါတယ်။

ဟားခါး-ဂန့်ဂေါ်လမ်း နီပီးရွာအနီးတွင် လေပြင်းကြောင့် အောက်တိုဘာ ၂၁ ရက်က လျှပ်စစ်တာဝါတိုင်ပျက်ဆီးသွားပြီး ယနေ့အချိန်ထိပြင်ဆင်နိုင်ခြင်း မရှိသေးဘူးလို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်