ပထမဆုံးအမျိုးသမီးသမ္မတကို ပီရူးခန့်အပ်

ပီရူးနိုင်ငံတွင် ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာရန်အမျိုးသမီးနိုင်ငံရေးသမားများ ကြိုးပမ်းလာခဲ့ကြတာ ကြာခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်း အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်များဖြင့် ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၇ ရက်မှာတော့ ဒီနာဘိုလော်တဲလို့ခေါ်တဲ့ အမျိုးသမီးဟာ နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့ပါတယ်။

အသက် ၆၀ အရွယ် ဒီနာဟာ ရှေ့နေဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး သူမဟာ မတော်တဆ သမ္မတဖြစ်တယ်လို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတဟောင်း ပက်ဒရိုခတ်စတီးလိုဟာ လွှတ်တော်တွင် အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းမှုရှုံးနိမ့်ခဲ့သောကြောင့် ဒီနာဟာ မထင်မှတ်ပဲ သမ္မတဖြစ်လာခဲ့ပါတယ်။ သမ္မတဟောင်းပက်ဒရိုကတော့ လွှတ်တော်ကို ရုပ်သိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် အယုံကြည်မရှိကြောင်း အဆိုတင်သွင်းခံရတာဖြစ်ပါတယ်။

သမ္မတဟောင်း ပက်ဒရိုက် ဖယ်ရှားပြီး နာရီပိုင်းအတွင်းမှာပဲ ဒီနာဟာ သမ္မတအဖြစ် ကျမ်းကျိန်ခဲ့တာဖြစ်ပါတယ်။ ဒီနာဟာ နိုင်ငံ၏တောင်းပိုင်းက မြို့ဖြစ်တဲ့ ချလ်ဟွန်ကာတွင် ကြီးပြင်းခဲ့ပြီး သူဟာ မွေးချင်း ၁၄ ယောက်တွင် အငယ်ဆုံးဖြစ်ပါတယ်။ သူဟာ ကျောင်းသူဘဝတုန်းက သူနာပြုကျောင်းတက်ရန် စီစဉ်ခဲ့သော်လည်း ဥပဒေကို ပိုစိတ်ဝင်ကြောင်းဆိုကာ ဥပဒေကျောင်းတက်ခဲ့ပါတယ်။
သူဟာ ပြည်သူ့စာရင်းရုံးတွင် ၁၇ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ သူမရဲ့ နိုင်ငံရေးခရီးဟာ အလွန်တိုတောင်းပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းကပဲ သမ္မတရာထူးအတွက် စတင်ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ တုန်းက သူဟာ လက်ယာအစွန်းရောက်ပါတီဖြစ်တဲ့ ပီရူးလီဘာပါတီကနေ လွှတ်တော်နေရာတွက် ဝင်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ ၂၀၂၁ မှာတော့ သူဟာ သမ္မတဟောင်း ပက်ဒရိုရဲ့ ဒုသမ္မတနေရာကနေ ရလာခဲ့ပါတယ်။

သူတို့ဟာ ရွေးကောက်ပွဲကို မဲအနည်းငယ်ဖြင့် အနိုင်ရခဲ့ကြပြီး ဒုသမ္မတရာထူးနေရာ ရရှိခဲ့ပါတယ်။ ထို့အပြင် သူ့ကို အခြားဝန်ကြီးနေရာတစ်ခုကိုလည်း ပေးခဲ့ပါတယ်။ သို့သော်လည်း လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က သမ္မတဟောင်း ပက်ဒရိုနဲ့ သဘောထားခြင်းကွဲလွဲခဲ့ပြီး သူမရဲ့ ဝန်ကြီးရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ သို့သော်လည်း ဒုသမ္မတရာထူးကိုတော့ ဆက်လက်ယူခဲ့ပါတယ်။ သို့သော်လည်း လွှတ်တော်ကို ရုပ်သိမ်းကြောင်း ပက်ဒရိုက ကြေညာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဒီနာဟာ ဒုသမ္မတရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ သူကတော့ ပက်ဒရိုရဲ့ လုပ်ရပ်ဟာ အာဏာသိမ်းခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ထို့နောက် လွှတ်တော်ဟာ ပက်ဒရိုက်ကို လျင်မြန်စွာ အယုံကြည်မရှိအဆိုတင်သွင်းခဲ့ပြီး ရာထူးကနေ ဖယ်ရှားကာ ဒီနာကို သမ္မတအဖြစ် လွှတ်တော်က ချက်ချင်းခန့်အပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်