ပထမနှစ် သားဖွားသင်တန်းကျောင်းအတွက် အခက်အခဲတချို့ကြောင့် သင်တန်းသူ (၃၂)သာခေါ်ယူ

၂၀၁၉၊ အောက်တိုဘာ (၂၂)
ချင်းပြည်နယ်ရဲ့ ပထမဆုံး ဘက်စုံသားဖွားသင်တန်းကျောင်းကို နောက်လတွင်စတင်ဖွင့်လှစ်ရန်ရှည်ရွယ်ထားပြီး နေရာ နဲ့ ဆရာ၊မ အခက်အခဲကြောင့် သင်တန်းသူ (၃၂)သာ လက်ခံထားကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ထံမှသတင်းရရှိပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို နိုဝင်ဘာလ (၁၅)ရက်တွင် ဖွင့်လှစ်နိုင်ရန်ရည်မှန်းထားပါတယ်။ ယင်းသင်တန်းဟာ (၂)နှစ်သင်တန်းဖြစ်ပြီး ဒီပလိုမာပေးအပ်မှာဖြစ်ပါတယ်။

ဝန်ကြီး ဦးပေါင်လွန်မင်းထန်က “လက်ခံတဲ့ဦးရေက ပြည်ထောင်စု ကျန်းမာရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနက ခွဲတမ်းချထားတာပါ။ လက်ရှိတော့ စာသင်ခန်းနဲ့ သင်တန်းသူတွေအိပ်ဆောင် ဆောက်လို့ပြီးနေပြီ။ ရေ၊မီးတပ်ဖို့ပဲကျန်တော့တယ်။ ဆရာ၊မ အဆောင်ကတော့ မပြီးသေးဘူး။ မြို့ထဲမှာအိပ်ပြီး ကြို၊ ပို့လုပ်ပေးရမယ်။ ကျောင်းအုပ်လည်း ခန့်ထားပြီ”လို့ပြောပါတယ်။

ယခင်ကတော့ တစ်နှစ်ကို သင်တန်းသူ (၅၀)ခန့်လက်ခံဖို့စဉ်စီထားပါတယ်။ ဘက်စုံ သားဖွားသင်တန်းကျောင်း တည်ဆောက်ဖို့အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၇၃ ဒသမ ၂၀၀)ချပေးထားပြီး ဟားခါးကောလိပ်အနီး (၂၃)ဧက အကျယ်အဝန်းတွင် တည်ဆောက်ထားပါတယ်။

ဘက်စုံသားဖွားသင်တန်းကျောင်းတက်ရောက်ခွင့်ရသူများမှာ တီးတိန်မြို့နယ်မှ (၇)ယောက်၊ ခိုင်ကမ်းမြို့မှ ၁ ယောက်၊ ဟားခါးမြို့နယ်မှ ၃ယောက်၊ မင်းတပ်မြို့နယ်မှ ၆ ယောက်၊ တွန်းဇန်မြို့နယ်မှ ၃ ယောက်၊ ထီးလင်းမြို့နယ်မှ ၁ ယောက်၊ ဖလမ်းမြို့နယ်မှ ၁ ယောက်၊ မတူပီမြို့နယ်မှ ၆ ယောက်၊ လိုင်လင်းပီမြို့မှ ၁ ယောက်၊ ကန်ပက်လက်မြို့နယ်မှ ၁ ယောက် နဲ့ ထန်တလန်မြို့နယ်မှ ၁ ယောက် စသည်တို့ဖြစ်ပါတယ်။ လက်ရှိ ချင်းပြည်နယ်မှာ သားဖွား ဆရာ၊ မလိုအပ်ချက်က ၅၀၀ ကျော်ရှိပါတယ်။

(Zawgyi)

ပထမႏွစ္ သားဖြားသင္တန္းေက်ာင္းအတြက္ အခက္အခဲတခ်ိဳ႕ေၾကာင့္ သင္တန္းသူ (၃၂)သာေခၚယူ

၂၀၁၉၊ ေအာက္တိုဘာ (၂၂)
ခ်င္းျပည္နယ္ရဲ႕ ပထမဆုံး ဘက္စုံသားဖြားသင္တန္းေက်ာင္းကို ေနာက္လတြင္စတင္ဖြင့္လွစ္ရန္ရွည္႐ြယ္ထားၿပီး ေနရာ နဲ႔ ဆရာ၊မ အခက္အခဲေၾကာင့္ သင္တန္းသူ (၃၂)သာ လက္ခံထားေၾကာင္း ျပည္နယ္လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္ထံမွသတင္းရရွိပါတယ္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ကို ႏိုဝင္ဘာလ (၁၅)ရက္တြင္ ဖြင့္လွစ္ႏိုင္ရန္ရည္မွန္းထားပါတယ္။ ယင္းသင္တန္းဟာ (၂)ႏွစ္သင္တန္းျဖစ္ၿပီး ဒီပလိုမာေပးအပ္မွာျဖစ္ပါတယ္။

ဝန္ႀကီး ဦးေပါင္လြန္မင္းထန္က “လက္ခံတဲ့ဦးေရက ျပည္ေထာင္စု က်န္းမာေရး ႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဌာနက ခြဲတမ္းခ်ထားတာပါ။ လက္ရွိေတာ့ စာသင္ခန္းနဲ႔ သင္တန္းသူေတြအိပ္ေဆာင္ ေဆာက္လို႔ၿပီးေနၿပီ။ ေရ၊မီးတပ္ဖို႔ပဲက်န္ေတာ့တယ္။ ဆရာ၊မ အေဆာင္ကေတာ့ မၿပီးေသးဘူး။ ၿမိဳ႕ထဲမွာအိပ္ၿပီး ႀကိဳ၊ ပို႔လုပ္ေပးရမယ္။ ေက်ာင္းအုပ္လည္း ခန႔္ထားၿပီ”လို႔ေျပာပါတယ္။

ယခင္ကေတာ့ တစ္ႏွစ္ကို သင္တန္းသူ (၅၀)ခန႔္လက္ခံဖို႔စဥ္စီထားပါတယ္။ ဘက္စုံ သားဖြားသင္တန္းေက်ာင္း တည္ေဆာက္ဖို႔အတြက္ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္တြင္ ျပည္ေထာင္စုခြင့္ျပဳရန္ပုံေငြ က်ပ္သန္း (၉၇၃ ဒသမ ၂၀၀)ခ်ေပးထားၿပီး ဟားခါးေကာလိပ္အနီး (၂၃)ဧက အက်ယ္အဝန္းတြင္ တည္ေဆာက္ထားပါတယ္။

ဘက္စုံသားဖြားသင္တန္းေက်ာင္းတက္ေရာက္ခြင့္ရသူမ်ားမွာ တီးတိန္ၿမိဳ႕နယ္မွ (၇)ေယာက္၊ ခိုင္ကမ္းၿမိဳ႕မွ ၁ ေယာက္၊ ဟားခါးၿမိဳ႕နယ္မွ ၃ေယာက္၊ မင္းတပ္ၿမိဳ႕နယ္မွ ၆ ေယာက္၊ တြန္းဇန္ၿမိဳ႕နယ္မွ ၃ ေယာက္၊ ထီးလင္းၿမိဳ႕နယ္မွ ၁ ေယာက္၊ ဖလမ္းၿမိဳ႕နယ္မွ ၁ ေယာက္၊ မတူပီၿမိဳ႕နယ္မွ ၆ ေယာက္၊ လိုင္လင္းပီၿမိဳ႕မွ ၁ ေယာက္၊ ကန္ပက္လက္ၿမိဳ႕နယ္မွ ၁ ေယာက္ နဲ႔ ထန္တလန္ၿမိဳ႕နယ္မွ ၁ ေယာက္ စသည္တို႔ျဖစ္ပါတယ္။ လက္ရွိ ခ်င္းျပည္နယ္မွာ သားဖြား ဆရာ၊ မလိုအပ္ခ်က္က ၅၀၀ ေက်ာ္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်