ပလက်ဝမြို့မှာ စစ်ဘေးရှောင် ၇၀၀ ကျော်ထိရှိလာ၊ စားဝတ်နေရေးအခက်အခဲဖြစ်

ပလက်ဝမြို့မှာ စစ်ဘေးရှောင် ၇၀၀ ကျော်ထိရှိလာ၊ စားဝတ်နေရေးအခက်အခဲဖြစ်

ပလက်ဝမြို့အနီးမှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေအပြင်းအထန်တိုက်ပွဲဖြစ်ပွားတာကြောင့် ဒီနေ့ ညနေ (၃)နာရီအချိန်ထိ စစ်ဘေးရှောင် ၇၂၂ ဦးရှိလာပါတယ်။

ဒီနေ့ မနက်ပိုင်း ၁၂ နာရီမထိုးခင်မှာ ပိန္နဲတပင်ရွာ၊ သဲမချောင်းထဲရွာ၊ ကျောက်ပျဉ်ထောင့်ရွာ၊
ကြွေသောင်ရွာ နဲ့ လောင်းတင်ရွာမှ ပြည်သူ ၈၆ ဦးထပ်မံရောက်ရှိလာပါတယ်။ အိမ်ထောင်စုအနေနဲ့ ၁၄၃ အိမ်ရှိပါတယ်။ ဇွန်လ (၉)ရက်ထိ စစ်ရှောင်ပြည်သူ ၆၃၆ ဦးရှိပါတယ်။

ဇွန်လ (၇)ရက်ကစပြီး တပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေအသုံးပြုပြီးပစ်ခတ်ကြတာကြောင့် ကျေးလက်နေပြည်သူတွေဟာ ဇွန်လ ၈ ရက်ကစပြီး မြို့ပေါ်မှာ တိမ်းရှောင်လာကြပါတယ်။

Zalen ad

လက်ရှိမှာတော့ ကြံ့ခိုင်ရေးရုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ အင်လီကန်ဘုရားကျောင်းမူကြိုဆောင်နဲ့ အသိမိတ်ဆွေတွေအိမ်မှာ နေထိုင်ကြပါတယ်။

စစ်ဘေးရှောင်တွေအတွက် ပြည်နယ်အစိုးရက ဆန်အိတ် ၅၀၀ လှူထားပြီး အချို့အလှူရှင်တွေအနည်းအကျဉ်းလည်းရှိပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ အဝတ်အစားနဲ့ ဆောင်တွေ၊ ကလေးတွေတွက် ကျောင်းသုံးပစ္စည်းတွေ အဓိကလိုအပ်နေပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်